Unicode
" ဘာ!!!'
" doctor ကမြန်မာစကား နားမလည်ဘူးပဲ,
ပေး...အဲ့ဆေးလိပ်!"
သူ့လက်ထဲက cigarette ကို ဆွဲယူလိုက်တဲ့ သူအား
ဇေ ခေါင်းကို ခွပ်ကနဲ မြည်အောင်ခေါက်လိုက်မိသည်။
" အား!!!
doctor ဘာလုပ်လိုက်တာလဲဗျာ "
" မင်း..မင်းကဘာလို့ ငါ့cigarette ကိုလာလုတာလဲ "
" ကိုယ်က doctor ကိုစိုးရိမ်လို့လေ ၊
အဲ့ cigarette က ကျန်းမာရေးထိခိုက်တယ်ဆိုတာ
doctor မသိဘူးလားပြော! "
ဒေါသသံ မမည်တဲ့ ခပ်ရှရှအသံလေးနဲ့ ပြောလိုက်သူ
အား ဇေ ခပ်မဲ့မဲ့ကြည့်ကာ ပြုံးလိုက်ရင်းဖြင့်...
" ငါက ငါ့ပစ္စည်းကို ခွင့်မတောင်းပဲ လက်ရဲဇက်ရဲထိတာမျိုးဆို
လွှတ်အမြင်ကပ်တာ...အဲတာကြောင့် ခေါက်လိုက်တာ "
" doctor က လုပ်ရက်တယ်ဗျာ,
ကိုယ် တကယ်နာသွားတာသိလား "
" sorry! "
နှစ်ယောက်ကြား ခဏတာတိတ်ဆိတ်သွားခဲ့သည် ။
ဘယ်သူကမှလည်း ဘာစကားမှ မဆိုခဲ့ ။
တိတ်ဆိတ်မှုကြား ဖုံးလွှမ်းနေတဲ့ အမှောင်ထု နုနုကတော့
သူတို့နှစ်ယောက်ရဲ့ကြား အေးစက်စက် ။
ဘာစကားမှ မဆိုပဲ ဆေးရုံဝန်းထဲက
ညောင်ပင်ထီးထီးကြီးအား ငေးမောကြည့်နေတဲ့
ဒေါက်တာအား ဗီလိန် မသိမသာလေး ကြည့်လိုက်မိသည် ။
အလုပ်ကိစ္စတွေ ပြီးစီးပြီးသည်နှင် တပြိုင်နက် ဗီလိန်
တိုက်ခန်းသို့ တန်းမပြန်ပဲ ဒဏ်ရာကို ဘန်းပြကာ
ဒေါက်တာအား တွေ့ချင်၍ ဆေးရုံသို့
တမင်ထွက်လာခဲ့လိုက်ခြင်း ။
ရောက်ရောက်ချင်း သူနာပြုဆရာမလေးနှင့်အငြင်းပွားကာ
ဒေါက်တာရှိတဲ့နေရာကို မရမက အတင်းဇွတ်မေးကာမှ
အမှတ်မထင်လွှတ်ထွက်လာတဲ့' ဒေါက်တာက ခေါင်းမိုးထပ်မှာ'
ဆိုတဲ့ စကားကြောင့် ဗီလိန် အပေါ်သို့ အမြန်တက်လာခဲ့ခြင်း ။ တက်လာခြင်း မြင်လိုက်ရတဲ့
မြင်ကွင်းကတော့ ဗီလိန်ပြောစရာ စကားများပင် ပျောက်ရှသွားသည်အထိ ။
cigaretteတစ်လိပ်ကို လက်ကြားညှပ်ကာ
အထာကျကျသောက်နေတဲ့ ဒေါက်တာဟာ
သူ့အတွက်တော့ သိပ်ကို ခမ်းနားလှသည် ။
လှပခြင်းနှင် မစပ်လျဉ်းတဲ့ ဒေါက်တာရဲ့ ခပ်မိုက်မိုက် type
ကိုတော့ သူတကယ်သဘောကျသည် ။
ČTEŠ
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿
