Part.9🖤(U+Z)

5.1K 320 14
                                    

Unicode

" ဟင်...ညီ "

" အဟက်...ဘာလဲ အံ့သြသွားတာလား!
အရှင်လတ်လတ် မြင်လိုက်ရတော့လေ ။ "

" ညီ့...မင်း ကိုယ့်ကို ဘာတွေ ပြောနေတာလဲ ,
ညီပြောနေတာတွေ အစ်ကိုဘာတစ်ခုမှ နားမလည်ဘူး "

" ဟ...ခင်ဗျားက တော်တော် မျက်နှာပြောင်
တိုက်တဲ့သူပဲ ကိုလွှမ်းသုခဘုံ!
နားမလည်ဘူးတဲ့ ဟုတ်လား ။
ခွေးကျကျနွားကျကျ ပစ်ထားခဲ့ပြီး စိတ်ချလက်ချ
ဒုက္ခလှလှလေးတွေကို တစ်ပုံတပင်ကြီးပေးခဲ့ပြီးမှ
နားမလည်ဘူးပေါ့ ဟုတ်လား "

ထိုစကားကြောင့် လွှမ်းမျက်ရည်တွေ ၀ဲတက်လာသည် ။
ဒါဟာ သူ့အတွက် သိပ်ကိုခက်ခဲတဲ့
အခြေအနေတစ်ခုပင်မလား ။
ညီ ဘာတွေပြောနေတာကို သူနားမလည်ပေမယ့် သေချာတာ
တစ်ခုကတော့ ညီ သူ့အပေါ် အထင်အမြင်လွဲနေသည်ဆိုတာ ။
တချို့ပြသနာတွေက ရှင်းပြဖို့ လွယ်ကူသလောက်
တချို့ပြသနာတွေက ရှင်းပြဖို့ သိပ်ကိုခက်ခဲတယ်ဆိုတာ
ထိုကောင်လေးသိအောင် သူဘယ်လို ရှင်းပြရမလဲ ။
လွှမ်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ကာ ကဓံရဲ့
မျက်နှာကို တည့်တည့်ကြည့်လိုက်သည် ။ ထို့နောက်...

" ကိစ္စတစ်ခုကို ဂဃနဏ နားမလည်ပဲ
တစ်ဖက်စွန်းရောက် မတွေးသင့်ဘူးညီ...၊
အစ်ကိုမင်းကို ပစ်ထားခဲ့မိတာ မှန်ပေမယ့်
အစွန်းရောက်အောင် လောက်တဲ့အထိ မစွပ်စွဲသင့်ဘူးမလား။"

" အစွန်းရောက်အောင်လောက်တဲ့အထိတဲ့ ဟုတ်လား,
အဟက် အစွန်းရောက်လွန်းအားကြီးလို့
ပြုတ်ကျလုနီးပါးထိ ဖြစ်ခဲ့ရတာကိုကြ
ဘာလို့ထည့်မပြောလဲဟမ်!
ပြောပါ...အဲ့တာကြ ဘာလို့ထည့်မပြောတာလဲ!
ခင်ဗျားက တကယ့် တစ်ကိုယ်ကောင်းသမားပဲ ကိုလွှမ်းသုခဘုံ"

" အဲ့လို တစ်ကိုယ်ကောင်းသမားတွေမှာလည်း
ဘယ်သူ့ကိုမှ ဖွင့်ထုတ်မပြချင်တဲ့ ခံစားချက်တွေ ရှိတယ်ညီ!
ညီပြောသလို အစ်ကိုက တစ်ကိုယ်ကောင်းဆန်တယ်ပဲထားပါ
ညီ့ဘက်ကရော ကိုယ့်ကို နားလည်ပေးကြည့်ဖူးလား ။
နောက်ပြီး ကိုယ့်ခံစားချက်ကိုရော မြင်အောင်ကြည့်ပေးဖူးလား။"

လွှမ်းရဲ့ အချက်ကျကျ ပြောပြလာတဲ့ စကားတွေအောက်
ကဓံ ဘာမှ ပြန်မချေပနိုင်ပါ ။ လွှမ်းပြောသလို
သူ ထိုလူ့ရဲ့ ခံစားချက်ကို မြင်အောင်ကြည့်ပေးခဲ့ဖူးလား
နားလည်ပေးကြည့်ဖူးလားပင် သူ့ကိုယ်သူ မသိတော့ပါ ။

Villain(ဗီလိန္) (Completed)Tempat cerita menjadi hidup. Temukan sekarang