Unicode
ဆေးရုံဝန်းအတွင်း ခင်းကျင်းထားတဲ့ကြွေပားတစ်လျှောက်
ကျော့ကျော့ကော့ကော့နဲ့ခြေတစ်လှမ်း ကုဋေတစ်သန်းဟု ဆိုရလောက်အောင်ဒေါက်ဖိနပ်သံတညံညံနဲ့ လျှောက်လာတဲ့
အမျိုးသမီးရဲ့ ရုပ်အဆင်းဟာ ပြောစရာပင် မလိုလောက်အောင်
ပြည့်စုံလွန်းသည် ။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း
သင်းပျံ့လာတဲ့ နှင်းဆီရနံ့ဟာလည်း ဆေးရုံးဝန်းထဲ
ပျံ့လွင့်နေ၏ ။ မြင်သူတိုင်း ခါပြန် ငေးမောကြည့်ရလောက်
အောင် လှပမှုရှိတဲ့ ထိုအမျိုးသမီးရဲ့အသက်ဟာ ခန့်မှန်ခြေအားဖြင့် ၂၃ လောက် ရှိမည် ထင်သည် ။လမ်းတစ်လျှောက် သမင်လည်ပြန်ငေးကြည့်နေတဲ့
လူများအား သူမ ခပ်ယေးယေးလေး ပြုံးပြလိုက်ပြီး
သူနာပြု တချို့အနားသို့ သွားလိုက်ကာ..." ဒေါက်တာ ဇေကမ္ဘာဦးယံရဲ့ ရုံးခန်းက
ဘယ်နေရာမှာလည်းရှင် "" ၂လွှာမှာပါ "
" ကျေးဇူးပါ "
ထွက်သွားတဲ့ ကျောပြင်ပါးလျလျလေးကို ကြည့်ကာ
သူနာပြုတချို့ရဲ့ စကားသံတွေကတော့ ဆေးရုံအတွင်း
ပွက်လောရိုက်ကျန်ခဲ့သည် ။" ဟိုး...တို့ဒေါက်တာနဲ့ ဘယ်လိုတွေလည်းဟ"
" ဒေါက်တာနဲ့ ဆို သိပ်လိုက်တာပဲဟယ်,
တို့တော့ အားကျနေပြီ "" နိုး..နိုး တို့ဒေါက်တာက တို့အတွက် အုခဲလေး,
သူနဲ့တော့ တို့ကသဘောမတူပါ ။ "" တို့တော့ ကျန်ရစ်ဖြစ်ပြီထင်ပါရဲ့ " စသည်ဖြင့်
စကားသံတွေက ဆေးရုံအတွင်း ပျံ့လွင့်နေသည် ။ထို့နောက် ၂ လွှာတွင်လည်း.....
" ဒေါက်တာနဲ့ ချိန်းထားတာများရှိသလားရှင် "
သူနာပြုဆရာမလေးမိနွယ်ရဲ့ စကားကြောင့်
ထိုအမျိုးသမီးလေးမှာ ခပ်ဟဟ ရယ်လိုက်ရင်း..." အဟက်...တို့ရောက်နေတယ်လို့ပဲ ဒေါက်တာကို
သွားပြောပေးပါ ။ "" ဒါနဲ့ ဒီကအမျိုးသမီး နာမည်က "
" ရှင်ပျိုမဒီ!"
" ဟုတ်...ခဏ စောင့်ပါရှင် "
အခန်းထဲ ၀င်သွားတဲ့ သူနာပြုမလေးအားကြည့်ပြီး
မဒီ ပိုက်ဆံအိတ်ထဲက ဖုန်းလေးအား ထုတ်လိုက်ကာ
စာတစ်ကြောင်း ရိုက်ပြီးပို့လိုက်မိသည်က...

YOU ARE READING
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿