Unicode
" ဇေ...သူက အစ်ကိုပြောတဲ့သူ ၊
နာမည်က လောကဓံသာ တဲ့ "
" ဟုတ် တွေ့ရတာ ၀မ်းသာပါခင်ဗျာ ကျွန်တော်က
ဇေကမ္ဘာဦးယံပါ "
" ဟုတ် တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျ "
" ဦးဓံကော ချစ်တို့နဲ့ လိုက်မှာလား..."
" အင်း..."
" ဒက်ဒီ နဲ့ ကိုကိုသေးသေးလေးရော ပါဘူးလား "
ချစ်မ၀လေးရဲ့ စကားကြောင့် ဇေ နဲ့ လွှမ်း တို့၏
အကြည့်သည် ကဓံ ထံ ဒိုင်းခနဲ ။ ထိုအကြည့်တွေကြောင့်
ကဓံ အနေရခက်လာ၏ ။
ဟုတ်တယ်လေ လူကို ကြည့်တဲ့ပုံတွေက
လူကိုဝါးစားမတတ်ပဲ ။
" အဲလို မကြည့်ကြနဲ့လေဗျာ...ဟို ပေါက်စလေး ပြောတဲ့
သူက ကျွန်တော် သူငယ်ချင်းတွေပါ "
" ဘာ!! "
" ဟို အဲနေ့က ဒေါက်တာနဲ့ ဟိုအမျိုးသမီး..."
ဇေ့စိတ်ထဲ ကွက်ခနဲ ဖြစ်သွား၏ ။
အဲနေ့က ဟိုအကောင် သူ့ကို ဘလိုင်းကြီး လျစ်လျူရှု သွားခဲ့တာမလား ။
" ငါနဲ့သူနဲ့က ဘာမှမဆိုင်ဘူး!"
" ကျွန်တော် သိပါတယ်..."
" ဘယ်မလဲ သူ! "
" ဟို အလုပ်ကိစ္စနဲ့ ခရီးထွက်နေတယ် ။နောက်ပြီး
သူ မနေ့ကပြောတယ် ပြန်လာတော့မယ်တဲ့..."
" ငါတို့ ခုသွားမယ့် ကိစ္စကို အဲ့အကောင်ကို
သွားမပြောနဲ့ "
" မပြောလည်း သိနေမှာပဲဟာ..."
" ဘာရယ်! "
" ဟို မပြောပါဘူးလို့ ပြောတာပါ "
ကဓံ တော်တော် အကြံအိုက်လာ၏ ။
ဒေး ထက်ပင် ထိုလူ့ကို ပိုကြောက်ရမလားပဲ ။
တကယ် လူကသေးသေးရယ် စိတ်က လက်နှစ်ဆစ် ။
" ပါးပါး စိတ်ပုတ်! "
အောက်က အကောင်ပေါက်လေးရဲ့ စကားကြောင့်
ဇေ့ရဲ့ အကြည့်တွေက ချစ်မ၀လေးထံ ဦးတည် သွားပြန်၏ ။
" မင်းလည်း ကြပ်ကြပ်သတိထား! "
ကလေးအာ ကြိမ်းမောင်းကာ ကားပေါ်တက်သွားတဲ့
ဇေ့အား ကဓံအပါအ၀င် အားလုံးက ငေးခနဲ ။
ESTÁS LEYENDO
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿
