Part.17🖤(U+Z)

6K 292 29
                                        

Unicode

" ဖိတ်စာတွေအားလုံး အဆင်သင့်ဖြစ်ပြီလား မဒီ..."

ဖိတ်စာတွေစစ်နေရင်း ကြားလိုက်ရတဲ့ နူးနူးညံ့ညံ့စကားသံ
လေးကြောင့် ရှင်ပျိုမဒီ နောက်သို့လှည့်ကြည့္လိုက်ရင်း...

" ဖြစ်ပြီ မေမေ...မန္တလေးမှာရှိတဲ့ နာမည်ကြီး စီးပွားရှင်တွေနဲ့
ရန်ကုန်က တွဲဖက် ပါတနာတွေကိုပါ မဒီ
သေချာဖိတ်ဖို့လုပ်ထားပါတယ်..."

ဒေါ်ရှင်မမသည် သမီးဖြစ်သူ ရှင်းပြလာတဲ့ စကားအား သေသေချာချာ နားစိုက်ထောင်နေရင်း တစ်ခုခုကို သတိရသွား
သောဟန်ဖြင့် ဆိုဖာပေါ် အိနြေ္ဒရှိရှိ ၀င်ထိုင်လိုက်ကာ
သမီးဖြစ်သူ ရှင်ပျိုမဒီအား စကားစလိုက်သည် ။

" သားဇေကိုလည်း ဖိတ်လိုက်ပါ မဒီ...Company
နှစ်ပတ်လည်နေ့ဆိုတော့ သမီးနဲ့ သားဇေတို့ကို တရားဝင်
ကြေငြာလိုက်တော့မယ်..."

မိခင်ဖြစ်သူရဲ့ ပြတ်ပြတ်သားသား ပြောလာတဲ့စကားအဆုံး
သိသိသာသာ ကွက်ကွက်ကွင်းကွင်း ပျက်သွားသော
မျက်နှာ အနေအထားဟာ ယုတ်ချည်းဆိုသလို
ပြောင်းလဲစ ပြုလာသည် ။

Companyရဲ့ အဓိက အရေးကြီးအကြောင်းအရာတွေနဲ့
ငွေကြေးစိစစ်ရေးပိုင်းက သူ့ကို လိုအပ်နေသည်မို့ သူ ကိုကိုစီ
မရောက်ဖြစ်တာ ကြာခဲ့ပြီ ။ နောက်ပြီး မိန်းကလေး
တစ်ယောက်အနေနဲ့ ကိုကို့အား အတင်းရောကာ
ကိုယ့်ဘက်ကကြီး တွယ်ကပ်နေရတာမျိုး မဒီ မနှစ်သက်ပါ ။
ပိုင်ဆိုင်ချင်တယ် ။ မဒီ ကိုကို့အား ပိုင်ဆိုင်ချင်တယ် ။
ရူးလောက်အောင် ချစ်ခဲ့ရသူမို့ မဒီ ကိုကို့အား ပိုင်ဆိုင်ချင်တာ
မမှားဘူးမလား ။ သို့ပေမဲ့ အချစ်မပါတဲ့ ဒီလိုဆက်ဆံရေးမျိုးကို
မိန်းကလေးဖြစ်တဲ့ သူမဘက်က လုံးဝ လက်မခံချင်ပါ ။
အဓိကက သူကိုကို့ အချစ်ကိုရအောင်ယူမယ် ။
ကိုကို သူ့ကို သူချစ်သလို ချစ်လာနိုင်အောင် ကြိုးစားမယ် ။
အချစ်က လုပ်ယူလို့မရပေမဲ့ ကိုကို့အပေါ် ထားတဲ့ မဒီ့ရဲ့
ချစ်ခြင်းမေတ္တာတွေကို ကိုကိုမြင်သာအောင် မဒီကြိုးစားမယ် ။

ကိုကို့ ရင်ခွင်တံခါးလေးပဲ ဖွင့်ပေးပါကိုကို ။

ထို့နောက် မဒီ ဖိတ်စာလေးတွေအာ သေချာစီလိုက်ပြီး
မိခင်ဖြစ်သူအား ခပ်ဆွေဆွေလေး ကြည့်လိုက်ကာ...

Villain(ဗီလိန္) (Completed)Dove le storie prendono vita. Scoprilo ora