Unicode
" ဒါကSK Diamond Company က
ဖိတ်တဲ့ ဖိတ်စာ..."
ရတိ ကမ်းပေးလာတဲ့ ရွှေရောင်ဖိတ်စာလေးအား ဗီလိန်
ယူပြီး ကြည့်လိုက်မိသည် ။ ဒါဟာ
ရိုးရှင်းတာထက် ပိုတဲ့ဖိတ်စာလေးဖြစ်ပုံပေါ်တာကို ဗီလိန်
သတိထားလိုက်မိ၏ ။ SK Diamond Company
ဟာ မန္တလေးမှာတင်မဟုတ် အမြို့မြို့အနယ်နယ်မှာ
ကျော်ကြားတဲ့ အမျိုးသမီးတစ်ယောက်တည်းသာ
ဦးစီးတဲ့ company ဆိုတာလည်း ဗီလိန် သတင်း
သဲ့သဲ့မျှကြားတာသည် ။ အောင်မြင်တာချင်းတူပြီး
ကျော်ကြားတဲ့ သူတွေဖြစ်သောငြား လိုင်းချင်းမတူလှ
သည်မို့ ဗီလိန် အဲ့ဘက်ကို အနည်းအကျဉ်းမျှ စိတ်မ၀င်စားပါ။
စိတ်မ၀င်စားဘူးဆိုတာထက် စိန်ရွှေရတနာတွေကို
သားသမီးထက် ပိုမက်တဲ့ အမျိုးသမီးတစ်ယောက်ကို
ဗီလိန် မုန်းတာထက်ပိုပြီး နာကျည်းမိတာကြောင့်ပင် ဖြစ်သည် ။
ထို့နောက်ဗီလိန်သည် ဖိတ်စာလေးအား စားပွဲပေါ် တင်လိုက်ရင်း
ရတိအား ခပ်ဆွေးဆွေးကြည့်လိုက်ကာ...
" နယ်စပ်ဘက်က အလုပ်ကိစ္စတွေကရော
အဆင်ပြေလားရတိ...မလိုအပ်ရင် ကိုယ်တိုင်မသွားနဲ့
အဲ့မှာရှိတဲ့ လူတွေကိုပဲ စီစဉ်ခိုင်းလိုက်...မင်းလည်း
နားရင်နားအုံး..."
မကြားသဖူးကြားရတဲ့ စကားတွေမို့ ရတိ ကိုယ့်ရင်ဘတ်ကို
ဖိကာ ခပ်ဟဟ ရယ်လိုက်ရင်း ထိုင်နေရာမှ ထလိုက်သည် ။
" ငါလေ...ဒီနေ့ကံတွေများ တက်နေသလားမသိ ၊
ဟိုကောင်ရတိကလည်း ငါ့ကို သူ့ဆိုင်ကယ်ငှားလိုက်တယ် ။
မင်းကလည်း ငါ့ကိုနားအုံးတဲ့လေ တကယ်ထူးဆန်းတယ်သိလား"
"ငါက စေတနာနဲ့ပြောတာလေ...မနားချင်လည်းသဘော
လေကုန်တာပဲ အဖက်တင်တယ်!"
" ဒီကိစ္စတွေ အားလုံးပြီးပြတ်သွားမှပေါ့...မင်းလည်းသိရက်
ခုရက်တွေ ဟိုကောင်တွေ ငြိမ်နေတာ မင်းသိတယ်မလား ။
ငါတို့ဘက်က ဘာမှမပြင်မဆင်ပဲ အေးဆေးနေလိုက်လို့ သူတို့ထကြွရင် ငါတို့တွေပဲ ခံရမှာ!
မင်းလွင်ဆိုတဲ့ကောင်က တို့ထင်ထားတာထက်
လည်တယ်ကွ..."
ရတိပြောတဲ့ စကားကို သေချာနားထောင်ကာ
ဗီလိန် တစ်ခုခုကို တွေးတောလိုက်မိသည် ။
ဟုတ်တယ် ခုရက်တွေ ဦးဇေယံထိုက်ရော ခန့်မင်းလွင်ပါ
ပျောက်ရှင်းမလှ ပျောက်နေတာကို သူမေ့လျော့နေခဲ့ခြင်း ။
ခန့်မင်းလွင်ဆိုတဲ့ကောင်က သိပ်လွယ်တဲ့ကောင်မဟုတ်ဘူး
ဆိုတာ ဒီလောကထဲနေလာသူမို့ သူသိသည် ။
ဘယ်လိုကိစ္စမဆို လူလုံးထွက်မပြပဲ နောက်ကွယ်က ချယ်လှယ်ကာ အမှောင်လောကထဲ မြေးခွေးတစ်ကောင်လို
ကောက်ကျစ်တဲ့ မင်းလွင်ဆိုတဲ့ကောင်က လျှော့တွက်လို့တော့
မရပေ ။ နောက်ပြီး ဦးဇေထိုက်ယံဆိုတဲ့လူနဲ့ ထိုကောင်က
သူ့ မာယာတစ်သိန်းလေးအား လုပ်ကြံခဲ့ဖူးသည်မလား ။
STAI LEGGENDO
Villain(ဗီလိန္) (Completed)
Storie d'amore" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿
