Unicode
ပန်းရောင်အိပ်ခန်းကျယ်ကြီးအတွင်းက ကုတင်ထက်ဝယ် စောင်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ မျက်နှာထက်တွင်
နာကျည်းမှုတွေ အသီသီဖုံးလွှမ်းနေတဲ့ ရှင်ပျိုမဒီ ။
၀မ်းနည်းခြင်း ၊ ပူဆွေးခြင်း တွေနဲ့ အလျင်းရောစပ်နေတဲ့
သူမရဲ့ မျက်နှာဟာ ပကတိ ခြောက်ကပ်မှုတွေ
ဖုံးလွှမ်းနေသယောင် ။" မဒီ...သမီး ဒီလိုပဲနေနေတော့မှာလား "
မိခင်ဖြစ်သူရဲ့ စကားသံအဆုံး ရှင်ပျိုမဒီ သည်
ဆုပ်ကိုင်ထားတဲ့ စောင်စကို ဖြေလျော့လိုက်ကာ
အေးစက်သော အကြည့်များဖြင့် မိခင်အား ကြည့်လေသည်။" မဒီက ဒီလိုမနေလို့ ဘယ်လိုနေရမှာလဲ အမေ၊
အဟက်...သိပ်ကိုရယ်စရာကောင်းပြီး
အားလုံးက သိပ်စိတ်နာဖို့ကောင်းတာ သိလား ။
လူကြားထဲမှာ အရှက်ကွဲခံရတဲ့သူက
ဘယ်လိုမျက်နှာမျိုးနဲ့များ မဒီ လူကြားတိုးဝံ့အုံးမှာလဲ!
ပြီးပြီ ဒီဇာတ်လမ်းက အဲ့နေ့ကတည်းက ပြီးသွားခဲ့ပြီ "မဒီ့ရဲ့ စကားကြောင့် ဒေါ်ရှင်မမသည် အံကိုခပ်တင်းတင်း
ကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်၏။ဖြစ်နိုင်ရင် ထိုအပူတွေအား သူတစ်ယောက်တည်းသာ
ခါးစီးခံချင်လှသည် ။နောက်ပြီး ထိုကိစ္စအတွက် ဒင်းတို့ဘက်က
ထိုက်ထိုက်တန်တန် ပြန်ပေးစပ်စေရမည်ဟုသာ စိတ်ထဲ
အတွင်တွင် ကြိမ်းဝါးမိ၏ ။" သမီး ဘာဖြစ်ချင်လဲ မေမေကိုပြော၊
အားလုံးဖြစ်စေရမယ် "" မဒီ အခုတစ်ယောက်တည်းနေချင်တယ် "
တိခနဲ ထွက်ကြလာသော ရှင်ပျိုမဒီရဲ့စကားအဆုံး
ဒေါ်ရှင်မမ ဘာစကားမှ စောဒက မတက်ခဲ့ပါ ။
မဒီ့ရဲ့ စိတ်အလိုကျ အခန်းထဲကသာ အပြင်သို့ ထွက်လာခဲ့လိုက်၏ ။ သို့သော် ဒေါ်ရှင်မမ၏ စိတ်ထဲတွင်
အမည်မသိတဲ့ ဒေါသလှိုင်းတံပိုးလေးက အသင့်ပါလာသည်။~~~~~~~~~~~~~~~~~~~
" ခဏတဖြုတ်လောက်လေးတော့ နားပါအုံးလားမင်း ၊
ခုစီးလာတာ ကားမိုလို့သာပေါ့...တကယ်တည်း
အကြင်နာတရားမရှိတဲ့ကောင် "

ESTÁS LEYENDO
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿