Unicode
" ပြောတော့ ရွာထဲသွားကြည့်ဖို့ဆို "
" ဟို...အဲတာက "
" ထားပါလေ ။ ငါ မင်းကိုဘာမှမပြောချင်တော့ဘူး ။
ဒီကိုလာတာက အလှူလုပ်ဖို့လာတာနော် ။
ဒါတော့ သိတယ်မလား "ပိတောက်ပင် ခြေရင်းတွင် ခေါင်းကိုငုံ့ထားကာ
ထိုင်နေသူသည် သူ့စကားကြောင့်
ဖျတ်ခနဲ မော့ကြည့်လာကာ ခေါင်းကို ဖန်တလဲလဲ
ယမ်းခါသည် ။" မောင် မသောက်ပါဘူး "
" ဒါဆို ဘာကိစ္စလဲ ၊ ဘာကိစ္စနဲ့ ထန်းရည်ဆိုင်ထိ
မင်းတို့က သွားရတာလဲ ဗီလိန် ၊ ငါ ဘယ်လောက်ထိ
စိတ်ကို ဆွဲဆန့်ထားရတာလည်းဆိုတာ မင်းသိသင့်တယ် "" မောင်တောင်းပန်ပါတယ် "
ဇေက ခပ်မဲ့မဲ့ရယ်သည် ။
ဗီလိန် တကယ်မနေတတ် ။သူ ထန်းရည်ဆိုင် သွားခဲ့တယ်ဆိုတာက အမှန် ။
သွားခဲ့ပေမယ့် ထန်ရည်မသောက်ခဲ့ဘူးဆိုတာကလည်းအမှန် ။
ကဓံက ထန်းတောဘက်က ပိတောက်ပင်မှာ ပိတောက်တွေ
ဝေေ၀ဆာအောင် ဖူးနေတာတွေ့ခဲ့သည်ဟု ဆိုလာတာမို့
မနက်အစောထွက်ပြီး ခူးခဲ့ခြင်း ။ ထန်းရည်သောက်
သွားခဲ့တာကတော့ တကယ်မဟုတ်ပါ ။ဒါကို ဦးယံက သူ့အား အထင်လွဲနေခြင်း ။
ဗီလိန်သည် ပင့်သက်ရှိုက်ကာ ပိတောက်ပင်ခြေရင်းက
သစ်မြစ်ပေါ်တွင် ထိုင်နေရာမှ ထလိုက်ရင်း
ဇေ့အနားသို့ လျှောက်ကာ ဇေ့ရဲ့ လက်ကို တယုတယ
ကိုင်လိုက်သည် ။" မောင် မသောက်ဘူးဆိုတာတော့ ယုံပါ "
ညှိုးငယ်သော မျက်နှာဖြင့်ပြောလာသည့် ဗီ့အား
ဇေက အကြည့်ချင်းမဆုံ ။ မျက်နှာအား တစ်ဖက်သို့
လွှဲထားလိုက်သည် ။ ဗီကလည်း အကြည့်အလွှဲမခံ ။" မောင်တကယ်ပြောတာပါ ။ မောင့်ကို ယုံပါ "
" ငါ အတန်တန်ပြောတယ် မောင် ၊
သူများနေရပ်မှာမို့ ဂရုတစိုက်နေဖို့ကို
မင်းနားမထောင်ဘူး... "လက်ကို ရုန်းဖယ်ကာ မျက်နှာကို ပိတောက်ပင်ဘက်
မူလိုက်တာမို့ ဗီက ဇေ့ရဲ့ ပခုံးလေးကနေ ခပ်ဖွဖွလေး
ကိုင်ကာ သူ့ဘက်အားဆွဲလှည့်လိုက်သည် ။
![](https://img.wattpad.com/cover/313372415-288-k990169.jpg)
VOCÊ ESTÁ LENDO
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿