Part.10🖤(U+Z)

5.3K 323 20
                                    

Unicode

မှောင်မဲတိတ်ဆိတ်နေသော အခန်းအိုကြီးထဲက
ခုံနှစ်ခုံတွင် လူနှစ်ယောက်အား လက်နောက်ပြန်ကြိုးတုပ်
ထားပြီး ခြေထောက်များကိုလည်း မပြေးနိုင်အောင်
ခုံနှင့်တွဲလျှက် ချည်နှောင်ထားသည် ။
မျက်နှာတွင်လည်း ပိတ်စအနက်တွေဖုံးလွှမ်းထားတာမို့
ထိုလူနှစ်ဦးမှာလည်း သူတို့ကို ဖမ်းချုပ်လာတဲ့သူအား
ဘယ်သူရယ်ဘယ်ဝါရယ်ဆိုပြီး မသိပါ ။
သေချာတာကတော့ ဒါဟာ တမင်သက်သက်မဟုတ်ပဲ
ရန်ငြိုးရန်စဖြင့် စစ်မေးဖို့ရန် ဖမ်းချုပ်ထားတယ်ဆိုတာ
မကောင်းတဲ့လူအချင်းချင်းမို့ သူတို့သိသည် ။
ထို့နောက် တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အခန်းအတွင်း
အသံသဲ့သဲ့ ကြားလာသည် ။ သေချာတာကတော့
ဒီလူဟာ သာမာန်လူမဟုတ်ဘူးဆိုတာပင် ။

တစ်ဆက်တည်းမှာပင် လှိုက်တက်လာတဲ့ ကြောက်စိတ်
များနှင့် တုန်တုန်ရင်ရင်ဖြစ်လာတဲ့ ထိုလူနှစ်ဦး ။
ဗီလိန် ခပ်မဲ့မဲ့ပြုံးလိုက်ပြီး ၀ိုင်ခွက်လေးအား
လှုပ်ရမ်းလိုက်ကာ...

" အဟက်!!!
ဘာလဲ...ကြောက်ဒူးတုန်နေကြပြီလား ။
ကိုယ်က မင်းတို့ကို မသတ်သေးပါဘူး ။
အဲ့လောက်လည်း တုန်တုန်ရင်ရင် ဖြစ်မနေပါနဲ့ ။
မြင်ရတာ စိတ်ထဲ ခပ်ရှုပ်ရှုပ်!"

" ခင်ဗျား ဘယ်သူလဲ!
ဘာကိစ္စ ကျွန်တော်တို့ကို ဖမ်းလာတာလဲ!
ကျွန်တော်ဆရာသိရင် ခင်ဗျားတို့လွယ်မှာ မဟုတ်ဘူးနော် "

" ဟုတ် ဟုတ်တယ် ဆရာသိရင် မင်းတို့ကို
သတ်လိမ့်မယ် "

" အိုးဟို...ကြောက်လိုက်တာ ကြောက်လိုက်တာဖြင့်
ခြေတွေလက်တွေတောင် တုန်လာပြီသိလား ။
ဟား..ဟား...ဟား...."

" ဘာလိုချင်လို့လဲ ပြော!
ခင်ဗျားဘာလိုချင်လို့ ကျွန်တော်တို့ကို ဖမ်းလာတာလဲ!
ကွေ့ဝိုက်မနေပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်လေ "

တစ်ဖက်လူရဲ့ ဒေါသစကားကြောင့် ဗီလိန်ခပ်ဟဟ
ရယ်လိုက်ရင်း...

" အဟက်...မလောနဲ့လေ ။
လာမှာပေါ့...ဒါနဲ့ အဲ့နေ့က ဘယ်သူကားမောင်းတာလဲ "

" ဘာ..ဘာ ကားမောင်းတာ ပြောနေတာလဲ!
ကား ကားက လူတိုင်းမောင်းနေတာလေ "

Villain(ဗီလိန္) (Completed)Donde viven las historias. Descúbrelo ahora