Part.37🖤(U+Z)

4.4K 232 18
                                    

Unicode

" ရုပ်က ဘာဖြစ်နေတာလဲ ။
မောင် မင်းကိုကြည့်နေတာကြာပြီ ။ ဟိုတစ်ယောက်နဲ့
စကားပြောပြီးပြန်လာကတည်းက တစ်ခုခုဖြစ်နေတာ။
ပြောလေ ဘာဖြစ်လာတာလဲ ။ ဘာအဆင်မပြေ
ဖြစ်လာတာလဲ မောင့်ကိုပြော "

ဟုတ်ပါတယ် ။ ဇေ ဆေးရုံကနေ
အိမ်ပြန်ရောက်ကတည်းက
ဘယ်သူ့ကိုမှစကားမပြောသလို တစ်ယောက်တည်း
တမှိုင်မှိုင် တတွေတွေနဲ့ ။ ကားပေါ်မှာလည်း
ဘာပြသနာ ရှိလို့လဲ မေးခဲ့သလို အိမ်ရောက်တော့လည်း
ဘာလို့လဲ ဟူသည့် အကြောင်းပြချက်များစွာအား
သူမေးခွန်းထုတ်ပေမယ့် 'ဘာမှမဖြစ်ဘူး ' ဟူသည့်
စကားတစ်ရပ်သာ ထွက်လာခဲ့သည် ။
ခုရက်တွေ ထိုလူ သိသိသာသာ ပြောင်းလဲနေတာလည်း
သူ သတိထားမိသည် ။ တစ်ခါတလေ ပြောစရာရှိလို့ဆိုပြီး ဖုန်းခေါ်လိုက် ဘာမှမဟုတ်တော့ပါဘူးဆိုပြီး ဘလိုင်ကြီး
ဖုန်းချသွားလိုက်နှင့် တစ်ယောက်တည်း ရောက်ရက်ခက်
နေတာမျိုး ။ တချို့ရက်တွေဆို အိမ်လာအိပ်လိုက် ၊
သူနှင့် လား,လားမျှမဆိုင်တော့သည့် မိခင်အကြောင်း
မေးလိုက်နှင့် တကယ် ခုရက်တွေ ဒီလူ နားလည်ရသိပ်ခက်သည် ။

ခုလည်းကြည့် အသက်မဲ့နေသည့် စက်ရုပ်ပမာ
ဘာစကားမှလည်းမဆို မလှုပ်မယှက်နဲ့
ဘာတွေ အဲ့လောက်ထိ တွေးတောနေပြန်တာလဲမသိ ။

ဆရာဝန်တွေက အဲ့လိုပဲလား ။
ဆေးကုလွန်ပြီး စိတ်ထိခိုက်သွားတာများလား ။
တကယ်ပါ တကယ်သူတော့မသိဘူး ကိုယ်ကတော့
ရူးချင်တာပဲ သိတယ် ။

" မနက်ဖြန် ဘုရားသွားရအောင်မောင် ။
ငါခုရက်တွေ စိတ်တွေလေးနေတယ် ။
နောက်ပြီး မနက် မင်းအလုပ် ခဏနားလိုက် "

မေးတာတခြား သူဖြေချင်ရာဖြေ ၊သူ ပြောချင်ရာ
ပြောနေသူ့ကြောင့် ဗီလိန် ခေါင်းသာ ထပ်တလဲလဲ
ယမ်းနေမိတော့သည် ။

" ကိုယ် မေးတာတွေကိုရော အာရုံလာ လား ဦးယံ "

ဘာရယ်မဟုတ်ဘူး ခတ်ဆတ်ဆတ်မေးလိုက်သည်
ဆိုပေမယ့် သိသိသာသာပျက်သွားသည့် မျက်နှာလေးကြောင့်
ဗီ မရှည်သည့်စိတ်တွေအား အပျက်ပျက်ဖြတ်ကာ
အလုံးစုံ ဆွဲချလိုက်ပြီး ဇေ့ဘေးနားသို့ အသာလေး
၀င်ထိုင်လိုက်သည် ။

Villain(ဗီလိန္) (Completed)Donde viven las historias. Descúbrelo ahora