Part.24🖤(U+Z)

5.8K 283 21
                                        

Unicode

" ဒါက ကျွန်တော်တို့ပြောတဲ့ အမျိုးသမီးပါ "

ခုံပေါ်တွင် တင်ပေးလာသော ဓာတ်ပုံအား အသက်၆၀ အရွယ်လောက်ရှိတဲ့ အမျိုးသား
တစ်ဦးက ကောက်ကိုင်လိုက်ကာ ဓာတ်ပုံထဲက
အမျိုးသမီးအား သေချာစွာ အကဲခတ်ကြည့်မိလိုက်သည် ။

" ဒါ ဒါက..."

" အဘ အဲတာ မဒီဒီရယ်မလား...ကြည့်ပါအုံး
မင်းသမီးလေးကြနေတာ ချောလို့တော်...မိဆု မဒီဒီကို
လွမ်းတောင်လာပြီ..."

" ဟုတ်တယ် ဒါ ဒါလေးက ရွာကိုရောက်လာတဲ့
ဒီဒီ ဆိုတဲ့ ကောင်မလေးပဲ"

ထိုအမျိုးသားကြီးရဲ့ ဖြေဟန်ကြောင့် ဦးခွန်းခိုင် သည်
၀မ်းနည်းရိပ်ရောင်သန်းနေသော အကြည့်များဖြင့်
သူ့ရှေ့က သားအဖ နှစ်ယောက်အား ခပ်ယေးယေးလေး
ကြည့်လိုက်ကာ စကားဆိုဖို့ ပြင်လိုက်သည် ။

" ဟို ဒါနဲ့ ဒီဒီလေးက ဘယ်မှာလဲဟင် "

" မရှိတော့ဘူး...ဒီဒီ ဆုံးသွားတာ ၄နှစ်ကျော်လောက်ရှိပြီဗျ "

" ဘာ!
ဆုံး ဆုံးသွားပြီဟုတ်လား...မ မဖြစ်နိုင်တာ "

ဦးခွန်းခိုင်၏ ကြေကွဲ ၀မ်းနည်းဖွယ် အသံကြီးကြောင့်
တစ်ဖက်က သားအဖ နှစ်ယောက်မှာလည်း
မျက်နှာ အနည်းငယ် ပျက်ယွင်းသွား၏ ။

" ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူးဗျာ ၊
မဒီလေးက ကလေးမွေးပြီးပြီချင်း ဆုံးသွားတာ ။
သူ့ရဲ့ ကလေးကိုတောင် မမြင်သွားလိုက်ရှာဘူး..."

ဦးခွန်းခိုင် ထိုင်နေရင်းပင် ခေါင်းက မိုက်ခနဲ ဖြစ်လာကာ
ရင်တစ်ခုလုံး ကွဲကြေလုထိ တစ်ဆစ်ဆစ် နာကျင်လာသည် ။

" သူဌေး ရရဲ့လားခဗျ! "

တစ်ဖက်က ထိန်းကိုင်ပေးထားတဲ့ မိုက်ခ်ရဲ့ လက်ကို
ကျစ်ကျစ်ပါအောင် ကိုင်ထားလိုက်ရင်း
ဦးနှောက်ထဲ ဖြတ်လျှောက်ပြေးနေတဲ့ စကားလုံးများ

'ဆုံးသွားပြီတဲ့လေ...
ကလေးကိုတောင် မမြင်လိုက်ရှာဘူး...

ဘုရား ဘုရား ငါကြောင့် ငါ့ကြောင့် ခုလိုတွေ
ဖြစ်သွားခဲ့ရတာလား ။
သားကိုလည်း ဆုံးရှုံးရ ၊ ချွေးမလေးကိုလည်း
မတောင်းပန်လိုက်ရ ၊ ဟို နောက်ပြီး
ကလေး ကလေး...'

Villain(ဗီလိန္) (Completed)Kde žijí příběhy. Začni objevovat