Part.16🖤(U+Z)

4.6K 289 34
                                    

Unicode

Zawgyi

' ဗီ...ကယ်ပါ '

စိတ်ထဲ ရေရွတ်နေမိသည်မှာ ထိုနာမ်စားတစ်ခုပင် ။

>>>>>>>>>>>>

" ကျွတ်!
ဆေးရုံကို ဖုန်ဆက်ကြည့်တော့လည်း ပြန်သွားတာ ကြာပြီတဲ့!
တောက်စ်...ဘယ်တွေရောက်နေတာလဲကွာ!
လူကို ရူးအောင်လုပ်နေတယ်..."

လမ်းအကွေ့အ၀ိုက်တွေကို ကျော်ဖြတ်ကာ ကားအားနှေးကွေးစွာ မောင်းနေခိုက် မျက်လုံးထဲ ရိပ်ရိပ် ရိပ်ရိပ် မြင်လိုက်ရတဲ့ ကားဖြူလေးကြောင့် ဗီလိန် ကားကို အရှိန်ခနသပ်လိုက်သည် ။ နောက်ပြီး ထိုကားအဖြူလေးနားမှာ
ရစ်သီ ရစ်သီ လုပ်နေတဲ့လူသုံးယောက်မျှကိုလည်း ဗီလိန်
တစ်ဆက်တည်းမြင်လိုက်ရ၍ အံကိုခပ်တင်းတင်းကြိတ်ကာ
နားထင်ကြောတွေ တင်းကားနေအောင်ထိ
မျက်ခုံးကို တွန့်ကွေးနေအောင် ကြုတ်ချလိုက်မိသည် ။

'ဒါဟာ ဘယ်လို အခြေအနေမျိုးလဲ!'

ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထု ဖုံးလွှမ်းနေသည်မို့
အရာရာကို ကောင်းကောင်းမမြင်ရပေမယ့် ထိုကားဖြူလေး
ကိုတော့ သူတန်းပြီး မျက်မှန်းတမ်းမိသည် ။
နှစ်ယောက်မရှိ သူ့ပျော်ရွှင်ခြင်းလေးရဲ့ ကားဆိုတာ ။

သို့ပေမဲ့ ထိုကားအနားမှာ ရစ်သီရစ်သီ လုပ်နေတဲ့
လူတစ်ချို့ကြောင့် ဗီလိန် ကားစတီယာတိုင်ကို
လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး
တတ် တစ်ချက်ပြင်းပြင်း ခေါက်လိုက်မိသည် ။

တောက်စ်!!!

" ရာရာစစ ငါ့လူကိုများ..."

ဗီလိန် ပါးစောင်ကို လျှာထိုးသွင်းလိုက်ရင်း ခပ်မဲ့မဲ့ပြုံးလိုက်ကာ
ကားကို မိုင်ကုန်အရှိန်မြှင့်လိုက်သည် ။
အရင်က ပဟေဋိဆန်တဲ့ မျက်ဝန်းနက်တွေအစား
မာကြောခက်ထန်လှတဲ့ အနီရောင် မျက်ဝန်းတစ်ဆုံဟာ
မီးတောက်များသဖွယ် တဟုန်းဟုန်း ။

"မထိသင့်မှန်း ၊ ထိသင့်မှန်းမသိ အဲ့လို လက်ရဲဇက်ရဲ
နိုင်တဲ့လူတွေလောက် သတ်ပစ်ချင်စရာကောင်းတာမရှိဘူး!!!"

ဗီလိန် ကားကို ထိုလူတွေအနားသို့ ဒုန်းဆိုင်းမောင်းဖို့
ပြင်လိုက်တုန်း ရုတ်တရက် အပေါ်ကို မြှောက်ဝေ့လိုက်သော ထိုလူသုံးယောက်ထဲမှ တစ်ယောက်ရဲ့ လက်တစ်စုံ ။
သေချာတာက ကားမှန်ကို ဦးတည်ကာ ရိုက်ဖို့
ပြင်နေတဲ့ထိုလက် ။ ဗီလိန် ဒေါသထွက်သည်ထက်ပို၍
ထိုလူတွေအား ကားဖြင့် ညက်ညက်ကြေအောင် တိုက်သတ်
ပစ်လိုက်ချင်သည်အထိ ။

Villain(ဗီလိန္) (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ