Part.32🖤(U+Z)

4.4K 249 10
                                    

Unicode

" အခြေအနေက စိုးရိမ်စရာ မရှိတော့ဘူး ဗီလိန် ၊
ဒါပေမဲ့ ဒီရက်ပိုင်း အနားယူရမယ်နော် ၊ လိုအပ်တဲ့
ဆေးတွေကတော့ ဇေ စီစဉ်ပေးလိမ့်မယ် "

" ဟုတ်...ဒါနဲ့ "

အခန်းအတွင်း ဝေ့ဝိုက်ရှာနေသူအား ရတိ ခါးထောက်ခါ
သက်ပြင်း ချလိုက်ပြီး...

" ဒီမှာ ဒေး!
ငါတို့ကို ရှိရဲ့လားလို့ထင်သေးရဲ့လားဟမ် ၊
အဲ့မျက်လုံးကြီး နှစ်လုံးပွင့်ကတည်းက ဦးယံ ဦးယံ နဲ့
တကယ်...အမြင်ကပ်ဖို့ကောင်းတယ် "

ရတိ စိတ်မရှည်စွာဖြင့် ကုတင်ပေါ်က ဗီ့အား
လက်ညိုးထိုးကာ ခပ်ဆတ်ဆတ် ဆိုလိုက်သည် ။

ဟုတ်တယ်လေ ။ သတိရလာပြီဆိုကတည်းက
လာကြည့်တဲ့သူတိုင်း ဦးယံ ဘယ်မှာလဲပဲမေးနေတာ ။ သူငယ်ချင်းဖြစ်တဲ့ သူတို့ကိုတောင် သူ့စိတ်ထဲရှိတယ်လို့ ထင်မှာမဟုတ်ဘူး ။တကယ်ပဲ စိတ်တိုဖို့ကောင်းတဲ့ ကောင် ။

" အစ်ကိုဇေက မင်း စသတိရကတည်းက ရှိနေတာပါ ။
မင်းလုံးလုံးသတိရကာမှ ငါတို့ကို လာခေါ်ပြီး
ထွက်သွားတာ ။ နောက်ပြီး မျက်နှာလည်း သိပ်မကောင်း... "

" ဒက်ဒီကို စိတ်ဆိုးနေတာ "

လှစ်ခနဲ ထွက်လာသည့် ချစ်မ၀လေးစကားကြောင့်
အားလုံး မျက်လုံးအပြူးသားဖြစ်သွား၏ ။

" ပါးပါးက ဒက်ဒီ နေမကောင်းကတည်းက နေ့တိုင်း
ဒက်ဒီအနားမှာပဲ ငိုနေတာလေ...ဟွန်း တကယ်တော့
ပါးပါးက သိပ်သနားဖို့ကောင်းတာ ဒက်ဒီ "

ဗီ့မျက်နှာလေး ရုတ်ချည်းညှိုးသွား၏ ။

ဘေးကကြည့်နေသည့် ရတိကတော့ မျက်စောင်းတထိုးထိုးနှင့်ပင် ။
ထို့အတူ ဆေးဗူးနှင့်အပေါက်ခံရသည့် ကဓံကတော့
အသက်မပါသည့် အပြုံးနှင့်ပင် ။

မသိရင် သူ့ပါးပါးကပဲ အမှန်...

" ခေါ်ပေးပါ့လား ရတိ ငါသူ့ကို အရမ်းတွေ့ချင်နေလို့ "

ရတိ သွေးပင် တက်ချင်သွားသည် ။

" ဘာလဲ ဒီမှာ ခေါင်းပေါက်ထားတဲ့ ဒဏ်ရာတောင်
မကျက်သေးဘူး နောက်ထပ် ဒဏ်ရာသွားယူအုံးဆိုတဲ့
သဘောလားဟမ်! "

Villain(ဗီလိန္) (Completed)Donde viven las historias. Descúbrelo ahora