Unicode
" မေမေ့!
သားလည်းလိုက်ခဲ့မယ်လေ "အထုတ်ကလေးဆွဲကာ မိခင်ဖြစ်သူနောက်သို့
အတင်းပြေးလိုက်နေတဲ့ ကလေးငယ် ။" ဖယ်!!!
သွား နင့်အဖေစီ...ငါတို့နဲ့ လာမပတ်သက်နဲ့ "မိခင်၏ ကြိမ်းမောင်းသံက ထိုကလေးရဲ့ နားစည်တွင်မက
နှလုံးသားတစ်ခုလုံးကို ကိုင်ရိုက်နေသယောင် ။
နားထင်ကြောတွေတင်းကာ အံကိုခပ်တင်းတင်းကြိတ်ထားတဲ့
ထိုကလေးရဲ့ မျက်ဝန်းနက်တွေမှာမိခင်ဖြစ်သူအား နားကျည်းမှုတွေ စတင်ဖုံးလွမ်းလာသည် ။
ထို့နောက် ထို ၁၀ နှစ်အရွယ်ဟု
ခန့်မှန်းရသည့် ထိုကလေးသည် လက်ထဲက အထုတ်ကို
အောက်သို့ပစ်ချလိုက်ကာ မိခင်ဖြစ်သူအား စေ့စေ့ကြည့်ပြီး
သူမ၏ နောက်မှာ ပုံးကွယ်နေတဲ့ ၁၅နှစ်အရွယ် ကောင်မလေးတစ်ယောက်အား မျက်နှာငယ်ဖြင့် လှမ်းကြည့်လိုက်၏ ။" မမ နင့်ရောငါ့ကို ထားသွားဖို့ တွေးနေတာလား! "
" နင်ဘာမှ လာမေးစရာမလိုဘူး !!!
လာ သမီး မေမေတို့သွားမယ် "ထိုအမျိုးသမီး၏ ကြိုးဆွဲရာကသည့်အရုပ်ကလေးနှယ်
ဘာစကားမှ ပြောခွင့်မရှိတဲ့ သူ့မမဟုဆိုသူအား
ထိုကလေး လက်ညိုးငေါက်ငေါက်ထိုးလိုက်ကာ..." နင်ရောအတူတူပဲမမ!
မေမေ့လို ငါ့ကိုထားခဲ့ချင်နေတာ ။
နင်ပြောတော့ ငါ့ကိုချစ်တယ်ဆို...မမ နင်ငါ့ကိုညာတယ် ။
ငါ နင့်ကို မုန်းတယ် မမ...ဟင့်"ရှိုက်သံနှင့်အတူ တုန်ရီစွာထွက်ပေါ်လာသော
ထိုကလေးရဲ့ စကားတွေအား မမ ဆိုသူကောင်မလေး
သေချာစွာ ကြားလိုက်၏ ။ မျက်ဝန်းအိမ်ထဲမှ အထိန်းကွပ်မဲ့စွာ
စီးဆင်လာတဲ့ မျက်ရည်တွေအား ဖိသုတ်ရင်း
သူ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့
မိခင်ဖြစ်သူအား သူမ မော့ကြည့်လိုက်ကာ လက်ကို
ရုန်းလိုက်မိသည် ။" မောင်လေးကို မထားခဲ့ပါနဲ့ မေမေရယ် ၊
သမီး မောင်လေးကို မခွဲနိုင်ဘူး...အီး ဟီး ဟင့်!"ထိုကလေးစီပြေးရန်ပြင်နေတဲ့ ကလေးမလေးရဲ့လက်အား
မိခင်ဖြစ်သူမှ စောင့်ဆွဲလိုက်ပြီး ကားထဲသို့
အမြန်ဝင်ခိုင်းလိုက်သည် ။ ထို့နောက် မောင်းသူနေရာသို့
သူမကိုယ်တိုင် ၀င်ထိုင်လိုက်ပြီး ကားစက် နှိုးလိုက်၏ ။
ကားမှန်မှ တစ်ဆင့်မြင်နေရသည့် အသက်မဲ့စွာ ရပ်နေသည့်
ကလေးအားကြည့်ပြီး သူမမျက်ဝန်းထဲမှ မျက်ရည်လေး
တွေပါးပြင်ပေါ်သို့ လိမ့်ဆင်းလာ၏ ။ တစ်ဆက်တည်း
ကားကို အရှိန်ပြင်းစွာမောင်းလိုက်သည် ။

ESTÁS LEYENDO
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿