Part.30🖤(U+Z)

5.7K 275 24
                                        

Unicode

" ကျွန်တော်ပြောပါတယ် မလိုက်ခဲ့ပါနဲ့ဆို "

နောက်က နှေးတိနှေးကန်လျှောက်နေတဲ့သူအား
ကဓံ စိတ်မရှည်စွာ ပြောလိုက်၏ ။
မှောင်ကလည်းမှောင် တောလမ်းတောင်လမ်းဆိုတာတော့
အန္တရာယ်က လက်ယက်မခေါ်ရင်တောင် နဖူးတိုက်ဒူးတိုက်
တွေ့ရတတ်တယ်မလား ။

ဒါပေမယ့် ဒီလူက တကယ်ကို ပြောရခက်လွန်းတယ်...

" ငါလည်း လိုက်ချင်တယ်လေ...မင်းတစ်ခုခုဖြစ်သွားရင်
ဘယ်လိုလုပ် "

" ကျွန်တော်က ယောက်ျား ၊ အကြမ်းအတမ်းကောင်
ဒီတောဒီတောင်တွေထဲ ပြေးရလွှားရတာ ရင့်နေပြီ ၊
အစ်ကိုက ဆရာဝန်လေ ဆေးခန်းမှာပဲ ရှိနေသင့်တာ "

စိတ်မရှည်တဲ့ အသံဖြင့်ပြောနေသည် ဆိုပေမယ့်
ကဓံ့စကားတွေမှာ စိတ်ပူပန်ပုံပေါ်နေသည်ကို လွှမ်း
ကောင်းကောင်းနားလည်၏ ။ ပြောမယ်သာပြောတာ
ရှေ့က အကိုင်းအခက်တွေအား ရှင်းလင်းနေသည်က
သူမဟုတ်သည့်အတိုင်းပင် ။ လကသာ လာသည်
ဖြစ်သည့်အတွက် သွားလာရတာ တအားကြီး မခက်ခဲနေပါ ။

သို့ပေမဲ့...

ရွှတ်! ရွှတ်!

" ရှူး...မီးတွေပိတ်ထား! "

သုံးယောက်စလုံး မီးတွေမှိတ်လိုက်ကာ ဒူးလောက်ရှိသည့်
အပင်တွေကြား ၀ပ်နေလိုက်၏ ။

" ဘာလို့လဲ ညီ..."

" ခြေသံတွေ ကြားနေရတယ် ၊ ဘယ်သူတွေမှန်းမသိပေမယ့်
ကျွန်တော်တို့လူတွေတော့ မဖြစ်နိုင်ဘူး ၊ ဒီလူတွေမှာ
လူအလုံအလောက်ပါတယ်..."

တိပြတ်စွာ ပြောလာသည့် ကဓံ့စကားအား
လွှမ်းဘာစောဒကမှ မတတ်ပဲ နားထောင်လိုက်သည် ။

" ဒီလမ်းကနေ တည့်တည့်သွားရင် ရေတံခွန်းကိုရောက်တယ်၊
ဒီလူတွေကလည်း ရေတံခွန်ဘက်ကို ဦးတည်နေကြတာ "

ခွန်းမြတ်သာလွင်ရဲ့ စကားအား ကဓံအသိအမှတ်ပြုဟန်ဖြင့်
ခေါင်းကို ခပ်ယေးယေးညိတ်ပြလိုက်ကာ...

" အင်း ကိုသာလွင် ပြောတာမှန်တယ် ၊
နောက်ပြီး ရေတံခွန်ကိုသွားဖို့ ဖြတ်လမ်းလေးဘာလေးရော
မရှိဘူးလား "

Villain(ဗီလိန္) (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ