Part.40🖤(U+Z)

4.4K 243 25
                                    

Unicode

" ထိုင်ပါ..."

ဦးခွန်းခိုင်တစ်ယောက် သူ့ရှေ့မှာ ရပ်နေသည့်
ဗီနှင့် ဇေ တို့အား ထိုင်ဖို့ မေးဆတ်ပြလိုက်သည် ။

" ပါးပါး...ဒက်ဒီ ထိုင်လေဗျာ ၊ ဖိုးကထိုင်ခိုင်းနေတယ်လေ "

ဦးခွန်းခိုင်ဘေးတွင်ထိုင်ကာ ပြုံးတုံးတုံးဖြင့်
ပြောလာသည့် ချစ်ကြောင့် ဇေ မျက်မှောင်ကျုံ့လိုက်၏ ။
ထိုနည်းတူ ဗီ့မှာလည်း အလိုမကျသော
အကြည့်တွေနှင့်ပင် ။

" အင်း...ဒီက ဒေါက်တာကိုတော့ မသိပေမယ့်
ဒေး ကိုတော့ အန်ကယ်သိတာမို့ အန်ကယ်တို့
စကားအေဆေးပြောကြရအောင် "

" ကောင်းပါပြီ "

ဗီသည် ဇေ့ရဲ့လက်အား ဆုပ်ကိုင်ထားတာ
ထိုင်ခုံပေါ် ၀င်ထိုင်လိုက်တော့ ဦးခွန်းခိုင်ပြုံးလိုက်မိသည် ။

ဒီနုနုရွရွလေးက ဒီအလည်လေးကို
ထိန်းကျောင်းခဲ့သည်တဲ့လား ။

" အန်ကယ့် နာမည်က ဦးခွန်းခိုင်ပါ ဒေါက်တာ ၊
ဒီက ဒေါက်တာက "

" ဇေကမ္ဘာဦးယံ "

ဟိုဘက်က အေးအေးဆေးဆေး ပြောလာသည့်
စကားအား ပတ်ခနဲ ပြန်ဖြေလာသည့် သူ ။
လုပ်ငန်းပါတနာတွေ ဖြစ်တဲ့အတွက် တစ်ဖက်က
ဗီ့မှာလည်း အနည်းငယ် အားနာသလိုရှိလာ၏ ။

" ပါးပါးကလည်းဗျာ လူကြီးကို ဘယ်လိုဆက်ဆံရမယ်
ဆိုတာ မသိဘူးလား ။ တကယ် ချစ် နဲ့ ဒက်ဒီကို အားနာရအောင် လုပ်နေတယ် "

" မင်းပါးစပ်ကို ပိတ်ထားစမ်း တေဇဦးယံ ၊
ဘာလဲ မင်းက ငါ့ကိုထားခဲ့ချင်နေတာလားပြော ၊
အားကိုးရမယ့်သူတွေ ပေါ်လာတော့ ငါ့ကို
ပစ်သွားချင်နေတာလားပြော "

" ပါးပါး ဘာတွေ "

ချစ်သည် ဇေ့ရဲ့စကားတွေအား နားမလည်၍
ခေါင်းလေးကုတ်ကာ မျက်လုံး အဝိုင်းသား
လေးဖြင့် မေးလိုက်သည် ။

" အေးလေ မင်းက ငါ့ကိုအဖေလို့ လုံးဝမသတ်မှတ်
ခဲ့တာကို ၊ ဒီက အရူးလိုငါကသာ မင်းကို
ဆုံးရှုံးရမှာ ငါ့စီက လုယူသွားမှာ
ကြောက်နေခဲ့တာ ။ အဟက် မင်းကတော့
ဒီမှာ အဆင်ပြေနေပုံ..."

Villain(ဗီလိန္) (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ