Unicode
ဗီသည် ကားကို ဒုန်းစိုင်း မောင်းနှင်လာ၏ ။
လက်တစ်ဖက်ကလည်း ကဓံပို့ထားသည့် တည်နေရာအား
ကြည့်ကာ သက်ပြင်းသာ ခဏခဏချမိသည် ။
ချစ်မ၀လေး ဖုန်းဆက်တော့ သူသည် ဦးယံအတွက်
ကြက်သားစွတ်ပြုတ် ချက်ရန် ပြင်ဆင်နေသည့်အချိန် ။
ဒီ ငဂျစ်ကောင်လေး သူ့အား ဘာတွေ ဂျစ်ထအုံးမှာလည်း
ဆိုပြီး ဖုန်းအား ချမယ်လို့ လုပ်ရုံရှိသေး ချစ်ဘက်က
'ချစ်တို့ ဒုက္ခရောက်နေပြီထင်တယ် ဒက်ဒီ ' ဆိုကတည်းက
သူ လှမ်းမယ့် ခြေလှမ်းတွေက တိခနဲ ရပ်ကြသွား၏ ။
တစ်ဆက်တည်း ကဓံ့အား ဖုန်းပေးခိုင်းတော့
ကြားလိုက်ရသည့် သေနတ်သံကြောင့် သူ့စိတ်တွေ
တအားပင် ပူပန်လာသည် ။ ဒါဟာဘယ်လို
အခြေအနေမျိုးလည်းလို့ မေးစရာမလိုလောက်အောင်
ဒုက္ခရောက်နေပြီဆိုတာ ကွင်းကွင်းကွက်ကွက်ပင်မလား ။
အခန်းထဲက ကားသော့အား ပြေးယူပြီး လိုအပ်လျှင်
ကာကွယ်ဖို့ ဆောင်ထားသည့် သေနတ်တစ်လက်ကိုပါ
သူ့အိမ်က အမြန်ပြန်ယူလိုက်ကာ တစ်ဆက်တည်း ရတိကိုပါ အကြောင်းကြားထားလိုက်သည် ။
" တောက်...ရာရာစစ "
ဗီသည် သက်ပြင်းဘယ်နှခါချမိသည် ။
တောက် ဘယ်နှခါ ခေါက်မိသည်လည်း မမှတ်မိတော့ပါ ။
ခုချိန်သူ့အတွေးအာရုံထဲ ၀င်ရောက်နေသည်က
သူ့ရဲ့ အသည်းအသက်ကလေး ဘေးကင်းဖို့အတွက်ပင် ။
~~~~~~~~~~~~~
ဒိုင်း ဒိုင်း ဒိုင်း....
" ချစ်...ခေါင်းငုံ့နေလေ "
နောက်က သေနတ်ကို မနားတမ်းပစ်နေသည့်အထဲ
ခေါင်းကို တထောင်ထောင်လုပ်ကာ ဓာတ်ပုံ တချပ်ချပ်
ရိုက်နေသူကြောင့် လွှမ်း ရင်တမောမော ဖြစ်ရ၏ ။
ခေါင်းငုံ့ခိုင်းတော့လည်း ခေါင်းကို မငုံ့ ။
ကြောက်လန့်နေလားဆိုလည်း ကြောက်လန့်မှု
အနည်းတောင်မရှိသည့် ပုံစံ ။
ရုပ်က တပြုံးပြုံးပဲ ။
တကယ် ဘယ်လို လူ့ဂွစာလဲ...
" ချစ်!
မကြောက်ဘူးလား ။
ခေါင်းငုံ့နေပါဆို..."
လွှမ်းသည် ချစ်မ၀လေးအား စိတ်မရှည်စွာ အော်လိုက်တော့
ငြိမ်ကြသွားသည့်သူ ။ ခေါင်းကို ငုံ့ကိုင်းနေတာမျိုး
မဟုတ်ပဲ နောက်ကို မှီထားကာ သူရိုက်ခဲ့သည့်
ဓာတ်ပုံတွေအားကြည့်ပြီး ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သည့်သူ ။
YOU ARE READING
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿
