Unicode
အချိန်သည် မနက် ၉နာရီ ။
ဇေသည် ခေါင်းရင်းဘက်က တိုင်မှချိတ်ဆွဲထားတဲ့
နာရီအား မော့ကြည့်လိုက်၏ ။
သည်အချိန်က ဗီ့အား ဆေးတိုက်ရမည့် အချိန်ပင်ဖြစ်သည် ။ဇေသည် ဗီ လဲလျောင်းနေသည့် ကုတင်ထက်ဝယ်
ဘေးတစ်နေရာသို့ ၀င်ထိုင်လိုက်ပြီး ဗီ့အား
မေ့မေ့မောမော စိုက်ကြည့်နေမိ၏ ။
ခေါင်းအစခြေအဆုံး ပြောစရာမလိုလောက်အောင်
ပြည့်စုံလွန်းနေတဲ့ သူရဲ့ မျက်နှာဟာ တစ်ခုခုလစ်ဟာနေသလို
ခံစားချက်မျိုး ဇေ စတင်ခန့်မှန်းမိလာသည် ။
ဒဏ်ရာအနည်းငယ်စို့ကာ သွေးစသွေးနလေးတွေကလည်း
ဗီ့ပါးပြင်ထက်တွင် နေရာယူလျက်ပင် ။
ဇေ ဘာကိုမှ ဂရုမစိုက်နိုင်ပဲဗီ့ရဲ့ အနက်ရောင်ဆံပင်လေး
တွေအား ဂရုဏာသက်စွာ လက်ဖြင့်ထိုးဖွလိုက်၏ ။
ဘာလို့ရယ်များမသိ စတွေ့ကတည်းက ဇေ ထိုဆံပင်
ပျော့ပျော့လေးတွေအား ထိတွေ့ရတာ နှစ်သက်မိသည် ။
နောက်ပြီး ထူထပ်နေတဲ့မျက်ခုံး ၊ ကော့တက်နေတဲ့ မျက်တောင်ရှည် ၊ ဖြောင့်စင်းနေတဲ့နှာတံ
နှင်းဆီလို နီဆွေးမနေပဲ အဖြော့ဘက်ရောင်သန်းနေတဲ့
ထိုလူ့ရဲ့ နှုတ်ခမ်းတွေအား ဇေ သဘောကျသည် ။မဟုတ်ဘူး သဘောကျတာထက်ကို ပိုလွန်သည် ။
" ဦးယံက ကိုယ့်ဆံပင်ထိရတာ သိပ်ကြိုက်ပုံပေါ်တယ် "
နိုးနေမှန်းမသိ၍ ဆံပင်အားစိတ်ကြိုက် ထိတွေ့နေစဉ်မှ
ရုတ်တရက် ထွက်ပေါ်လာတဲ အသံကြောင့် ဇေ့လက်တွေ
ရုတ်ချည်းရပ်တန့်သွား၏ ။အတွေးလေဟာနယ်ထဲ ဖြတ်လျှောက်ပြေးနေတဲ့လူကို
အလစ်ဝင်ရောက် ဖမ်းလိုက်သလိုခံစားချက်မျိုး ။" ဟို...ငါ ငါက "
" အဲ့လိုမျိုးလေး အမြဲတမ်း ထိုးဖွပေးနိုင်ရင်
သိပ်ကောင်းမှာပဲ ဦးယံ..."အပြုံးပန်းတစ်ပွင့် ဖန်ဆင်းကာပြောလာသူရဲ့ စကားကြောင့်
ဇေရဲ့ နှုတ်ခမ်းထက်မှာ အပြုံးလေးတစ်ပွင့် ပွင့်လန်းလာ၏ ။" မင်းဆံပင်တွေကို ခုလိုထိတာ စိတ်မဆိုးဘူးလား "
" ကိုယ့်ဆံပင်ကို ကိုင်ရင်မကြိုက်ဘူး ။ ကိုယ့်ဦးယံလေးကတော့
ချွင်းချက်ပေါ့..."

BẠN ĐANG ĐỌC
Villain(ဗီလိန္) (Completed)
Lãng mạn" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿