Part.42(Final)🖤

9.4K 303 56
                                    

Unicode

" မင်းတို့သားအဖနှစ် ဒီနေ့ အ၀တ်စား
၀တ်တာ ပြီးပါအုံးမလား"

မှန်ရှေ့တွင် သားအဖနှစ်ယောက်သား
တစ်ယောက် ကို တစ်ယောက် ကြည့်ကာ
စိတ်တိုင်းမကျသည့်ပုံ ဖမ်းနေသည်ကို
ဇေ မျက်မှောင်ကျုံ့ကာမေးလိုက်သည် ။

ကံကောင်းပေလို့ birthday party က
ညမှစမှာမိုလို့သာ ဒင်းတို့ပြင်ဆင်နေပုံသည်
ညနေ ၅နာရီလောက်ကတည်းက ဖြစ်သည် ။
ခုဆို အချိန်ကလည်း ၆နာရီပင် ထိုးခါနီး ။
တကယ်ပါ ဒင်းတို့က ပြောမှဆိုမှ
နားလည်ကြမည့်သူတွေ ။

" ပါးရေ ချစ်ကြည့်ကောင်းလားဟင် "

ခဲပွင့်ပုံသဏ္ဌာန် Necktie လေးကို သေချာတပ်ကာ
စူပုတ်ပုတ်ဖြင့်မေးလာသူအား ကြည့်ပြီး ဇေ သက်ပြင်း
ခပ်ဖွဖွ ချမိ၏ ။ ထိုနောက် အနားသို့ သွားလိုက်ကာ
ဒူးထောက်ထိုင်လိုက်ရင်း Nicktie လေးအား
စနစ်တကျ သေသေချာချာတပ်ပေးလိုက်သည် ။

" ချစ်က အမြဲတမ်းကြည့်ကောင်းနေပြီးသားပါဗျာ ၊
ပြင်းလွန်းအားကြီးရင်တော့ ကြည့်ကောင်မှာ
မဟုတ်ဘူးဆိုတာ သိတယ်မလား ။
အဲ့တာကြောင့် အခန်းထဲကထွက်ပြီး အပြင်ကို
ကြွဖို့ ဒီကပါးပါးက လာပင့်တာပါ "

" ဟီး...ပါးကလည်း ဒီပွဲက ချစ်ပွဲဆိုတော့
ချစ်က များကြီးကြည့်ကောင်းနေဖို့ လိုတယ်မလား ။
ချစ်က ကြည့်မကောင်းရင် လူတွေက ချစ်ကို
ကဲ့ရဲ့ကြမယ်လေ ။ ချစ်က ချစ်ကို မကောင်းပြောရင်
ပိစိလေးတောင်မကြိုက်ဘူးသိလား "

လူကသာ ကလေး ။
စိတ်ဓာတ်ကတော့ လူကြီးစိတ် ။
ဘယ်သူက သူ့ကိုအကောင်းပြောတယ် ၊ အဆိုးပြောတယ်
ဆိုတာ ပြောစရာပင်မလို သူအကုန်သိတယ် ။
တကယ် နိုင်ကို မနိုင်ဘူး ။

" ဟုတ်ပါပြီဗျာ...ဒီကလူပဲမှားတာပါ ဟုတ်ပြီလား ။
ခု အောက်မှာ မင်းဖိုးဖိုးတို့ရောက်နေပြီ
သွားရအောင်..."

" မောင့်ကိုလည်း Nicktie လေးတပ်ပေးပါလားဦးယံ "

ချစ်ရဲ့လက်လေးအားဆွဲကာ အခန်းပြင်ကို
ထွက်ဖို့ ပြင်ခိုက် နောက်ကထွက်လာသည့်
အလိုမကျသည့် အသံကြောင့် ဇေသည်
နောက်သို့ ခပ်ဆွေဆွေလှည့်ကြည့်လိုက်သည် ။
မြင်လိုက်ရသည်က All black ဖြင့် မိမိုက်နေသည့်သူ ။
တကယ်ပါ ပွဲက သားပွဲမိုလို့သာ မသိရင် သူ့ပွဲအတိုင်း ။

Villain(ဗီလိန္) (Completed)Onde histórias criam vida. Descubra agora