Part.12🖤(U+Z)

6.3K 384 17
                                        

Unicode

" ကျေးဇူးပါ မမိုး ကျွန်တော်ကို ကူညီပေးတဲ့အတွက် "

" မလိုတာ ဇေရယ်...မမိုးနဲ့ဇေက ပြောစရာလူတွေကြ
သြော်...ဒါနဲ့ ဘယ်နေ့လောက် ရွှေ့မလဲ...မမိုး
လာခဲ့ပေးမယ်လေ ။ ချစ် ကိုလည်းမတွေ့တာကြတော့
လွမ်းလှပြီ..."

" ခုလာမည့် Sunday လောက်ဖြစ်မယ်ထင်တယ် မမိုး ။
ကျွန်တော် ဒီတိုက်လေးကို တော်တော်သဘောကျတယ် ။
မမိုးတို့တွေနဲ့လည်းနီးတော့ ကျွန်တော်အလုပ်သွားရင်
ချစ်ကို  လာအပ်လို့တော့ဖြစ်တယ်မလား "

" ဖြစ်တာပေါ့ရှင်...ဒါနဲ့ ဟိုဘက် တိုက်ကလူနဲ့တော့
သွားမပတ်သက်နဲ့ဇေ...အဲ့လူက မဖော်ရွေဘူး ။
အိမ်နီးချင်းဖြစ်တဲ့ မမိုးတို့နဲ့တောင် စကားမပြောဘူးသိလား။
မာနကလည်း ရှယ်ကြီး..."

မျက်နှာချင်းဆိုင် တိုက်နက်ကြီးအား လက်ညိုးထိုးကာ
အပြစ်ဆိုနေသော မမိုးကတော့ အရင်ကအတိုင်း
နဲနဲမှပင် မပြောင်းလဲ ။ မမိုးက ဇေတို့ လုပ်အားပေးသွားခဲ့တဲ့
နယ်ဘက်ကရွာလေးတစ်ရွာရဲ့ ကျောင်းအုပ်ဆရာမလေး
တစ်ဦးပင် ။ အပြောကောင်း သဘောကောင်းမို့
ခင်ခင်မင်မင်ရှိပြီး ဇေ့အား သူ့မောင်လေး တစ်ဦးကဲ့သို့ပင်
ချစ်ခင်သည် ။ ခုလည်း ကျောင်းဆရာမအလုပ်ကထွက်ကာ
ပြင်းဦးလွင်က သူ့ရဲ့ဘိုးဘွားပိုင် သစ်သီးခြံများအား ဦးစီးနေသည်ဟု အဆက်အသွယ်ရရင်း ပြောဖြစ်သည်မို့
ဇေ နေထိုင်ရန် အိမ်တစ်လုံး ရှာပေးဖို့ အကူအညီ
တောင်းခဲ့လေခြင်း ။ ဘယ်အချိန် ကြရောက်မလဲ
မသိတဲ့ အန္တရာယ်အတွက် သူကြိုတင်ပြင်ဆင်
ထားသင့်တယ်မလား ။
ဆေးရုံက သူတို့သားအဖအတွက် သီးသန့်အခန်းလေးအား
မစွန့်ခွာချင်ပေမယ့် ဇေမတတ်နိုင်ပါ ။ သားရဲ့ အသက်
အန္တရာယ်က ရှိသေးတယ်လေ ။ ထို့နောက် ဇေ အတွေးတွေကို
ခဏရပ်ကာ မမိုးအားပြုံးပြလိုက်ရင်း...

" မမိုးတော့ မရိုးဘူးနော်...ဟီး ဟီး "

" ဒီကောင်လေးနှယ်...ဒီကအကောင်း ပြောနေတာကိုကွယ် "

" အဲ့တိုက်က လူကိုသဘောကျနေတာမလား ။
သိတယ်နော် ဟင်း ဟင်း "

" အမလေးဇေရယ်...သဘောကျဖို့နေနေသာသာ
မတော်တဆ အကြည့်ချင်းဆုံမိရင်တောင်
ကိုယ့်အသက်ကို ကိုယ်ပြန်ကြည့်နေရတယ် ။ "

Villain(ဗီလိန္) (Completed)Место, где живут истории. Откройте их для себя