Part.8🖤(U+Z)

7.1K 397 35
                                        

Unicode

" ဦး..."

" ဗျာ..."

" သား ဒက်ဒီ လုပ်မလားဟင်! "

" ဟမ်!!!"

ဗီလိန် ယောင်ယောင်အအနဲ့ ညိုလုံးပေါက်လေးအား
ကြည့်ကာ...

" ဘယ်လို ဘယ်လို...ဒက်ဒီ ဟုတ်လား!"

" အင်းလေ...သား ဒက်ဒီလုပ်ချင်တဲ့သူတွေများ
ဆေးရုံမှာ အများကြီးသိလား ။
သားက ဦးကိုပဲ ဒက်ဒီလုပ်ခိုင်ချင်တာလေ!
သားက ဦးကိုပဲ ချစ်တာ "

ညိုလုံးပေါက်လေးရဲ့ စကားကြောင့် ဗီလိန်ခပ်ဟဟလေး
ရယ်လိုက်ရင်း...

" ဟားးဟုတ်ပါပြီဗျာ...
ဦးစဉ်းစားပေးမယ်နော် ၊
ခု သားပါးပါးစီ သွားရအောင် "

" အဲ...ဟုတ်သားပဲ သားပါးပါးကို မေ့နေတာ!"

ထိုအခါမှ မျက်လုံးလေး အပြူးစားနဲ့ ခန္တာကိုယ်လေးအားဆန့်ကာ သူ့ပါးပါးရှိရာသို့
လှမ်းကြည့်နေသော ညိုလုံးပေါက်လေးအား
ဗီလိန်အသည်းယားလာသည် ။

"တော်တော်စိတ်ချဖို့ ကောင်းတဲ့ကလေးမျိုးပဲနော်,
ကိုယ့်ပါးပါးကိုတောင် မေ့နေတယ်ကြည့်"

" ဟီးး"

" မဟီးနဲ့လာ သားပါးပါးစီ သွားရအောင်,
သူစိတ်ပူနေတော့မယ် "

" ဟုတ် "

ဗီလိန် ညိုလုံးပေါက်လေးအား ချီကာ ခြေလှမ်းတို့ကို
ဇေ့ထံ ဦးတည်လိုက်သည် ။ ထိုအခါ မနီးမဝေးက
လှမ်းမြင်နေရသော မလှုပ်မယှက် ခန္တာကိုယ် သဲ့သဲ့လေး ။
ကလေးအား ကားတိုက်မိတော့မလို မဖြစ်ခင် အချိန်ခဏအတွင်း
ထိုလူသားလေးစီမှ ' သား' ဆိုတဲ့ ခပ်စူးစူးအသံကိုပင်
ဗီလိန်ကြားလိုက်သေးသည် ။ ဗီလိန် ခြေလှမ်းတို့အား
မြန်သထက်မြန်လာ၏ ။ သူ့စိတ်ထဲ ထိုမလှုပ်မယှက်
ဖြစ်နေတဲ့ လူသားလေးက ခုချိန် ဘယ်လောက်ထိများ
ရှော့ ရသွားမလဲ ။ ဗီလိန် ဆက်မတွေးနိုင်တော့ပါ ။
သူတောင် တော်တော် စိတ်ပူသွားခဲ့တာမလား ။
ဒါဆို ထိုလူသားလေးရော ဆိုတဲ့အတွေးက ဗီလိန်အာရုံထဲ
ဖျတ်ခနဲ ။ အချိန်ခဏကြာတဲ့နောက် ဗီလိန် ခြေလှမ်းတို့အား
အရှိန်သပ်လိုက်သည် ။ ထို့နောက် လက်ထဲက
ညိုလုံးပေါက်လေးအား အောက်သို့ ချပေးလိုက်ပြီး
သူတို့အားစိုက်ကြည့်ကာ သတိကပ်ပုံမပေါ်တော့တဲ့
ထို မလှုပ်မယှက် ခန္တာကိုယ်လေးအနားသို့ ကပ်သွားလိုက်တဲ့အချိန်....

Villain(ဗီလိန္) (Completed)Место, где живут истории. Откройте их для себя