Unicode
mall ကနေပြန်ကတည်းက ဇေသည် ဗီ နှင့် ချစ်
အားစကားမပြောပါ ။ ထို့အတူ အိမ်ပ်ါကနေ
အောက်ထပ်သို့လည်း ဆင်းမလာတော့ပါ ။
ဗီ နဲနဲ စိတ်ရှုပ်သွား၏ ။
ဘာလို့ဆိုသည့် အကြောင်းပြချက်ကိုလည်း သူရေရေရာရာ
မသိပါပဲ ဒီလူ ကိုယ့်အား ဘာကို စိတ်ထဲကွက်နေလဲ
သူမသိပါ ။ သူသိတာကတော့ ထိုလူစိတ်ကွက်နေရင်
သူမနေတတ်ဘူးဆိုတာပင် ။
တကယ် ဘယ်လိုလူမှန်းကို မသိဘူး ။
" သား...ဒက်ဒီ သားပါးပါးစီ သွားလိုက်အုံးမယ်နော်
သားက အောက်ထပ်မှာပဲဆော့နေ ဘယ်မှ
လျှောက်မသွားနဲ့နော် ဒက်ဒီ စိတ်ချမယ် "
" ဟုတ်...ချစ် ဒီနားလေးမှာပဲ ရုပ်ရုပ်တွေနဲ့ဆော့နေပါ့မယ် ၊
ဒါနဲ့ ဒက်ဒီသိလား...ပါးပါးမျက်နှာ မကောင်းဘူးဆိုတာလေ
ပါးက ချစ်ကို စိတ်ဆိုးနေတယ်ထင်တယ် ဒက်ဒီ ၊
ဟို...နောက် ပါးပါးမကြိုက်တာ မလုပ်ပါဘူးလို့ ပါးပါးကို
ပြောပေးအုံးနော် ချစ်က ပါးစိတ်ဆိုး မနေတတ်ဘူးဗျ "
ချစ်ရဲ့ သနားသဖွယ် စကားသံလေးကြောင့် ဗီ နှစ်နှစ်
ခြိုက်ခြိုက် ပြုံးလိုက်မိ၏ ။ ဒီကလေး သူ့ပါးပါးပေါ်
ထားသည့် မေတ္တာတရားကို သူကောင်းကောင်းသိသည် ။
တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြော နေနိုင်ကြတာ
မဟုတ်ပဲ တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့်ရင်
စကားမပြောကြတဲ့ အကျင့်ကို သူဘယ်လိုဖြောက်ရမယ်မှန်း
မသိပါ ။ တကယ် နားလည်ရခက်တဲ့ သားအဖ နှစ်ယောက် ။
ထို့နောက် ဗီ ချစ်ရဲ့ ခေါင်းလေးအား ခပ်ဖွဖွ ထိုးဖွလိုက်ကာ
သူ့ရဲ့ ရေသောက်မြစ်လေးစီသို့ ခြေလှမ်းတွေအား
ဦးတည်လိုက်၏ ။
" ဦးယံ...မောင် ၀င်ခဲ့မယ်နော် "
တံခါးလေးကို အသာဖွင့်ကာ အထဲဝင်သွားလိုက်တော့
ကိုယ့်အားကျောပေးကာ လဲလျောင်းနေသည့်သူ ။
အိပ်ပျော်နေတာလည်းမဟုတ် တစ်ချက်တစ်ချက် လှုပ်ခါကာ
ရှိုက်သံ သဲ့သဲ့ပါနေသည့် သူကြောင့် ဗီ သက်ပြင်းဖွဖွ
ချလိုက်မိ၏ ။ ဗီလိန်အနားသို့ တိုးကပ်သွားလိုက်ကာ
ကုတင်စွန်နားလေး အသာဝင်ထိုင်လိုက်ပြီး ခြုံထားသည့်
စောင်စလေးအား ဆွဲဖယ်လိုက်ကာ...
ВЫ ЧИТАЕТЕ
Villain(ဗီလိန္) (Completed)
Любовные романы" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿
