Unicode
" သေဆုံးချိန် ၁၁ နာရီ ၁၀ မိနစ်! "
အရေးပေါ် အခန်းအတွင်းမှ ထွက်ပေါ်လာသည့်အသံ ။
" စိတ်မကောင်းပါဘူး ခင်ဗျ ။
ဒေါက်တာတို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ် ။
ဒီ့ထက်ပိုပြီး အစောဆုံးသာ ရောက်လာခဲ့မယ်ဆို
ဒီလူနာကို ဒေါက်တာတို့ အကောင်းဆုံး
ကယ်တင်ပေးလိုက်နိုင်မှာ ။ ခုဟာက လူနာရဲ့
၀မ်းဗိုက်မှာ ထိမှန်ထားတဲ့ ဒဏ်ရာက
ထင်ထားတာထက် သွေးထွက်လွန်သွားခဲ့တာ ။
ဟို နောက်ပြီး လက်က..."
ဒေါက်တာရဲ့ ပြောစကားတွေက သူ့နားထဲ
မ၀င်ပါ ။ ခွင့်ပြုချိန်တောင် မတောင်းဆိုပါပဲ
သူ ထိုအခန်းထဲသို့ ပြာပြာသလဲ ၀င်သွားလိုက်သည် ။
၀င် ၀င်ချင်း မြင်လိုက်ရသည်က ပိတ်စအဖြူဖြင့်
ဖုံးလွှမ်းထားသည့်သူ ။
အနားမှာ ရှိနေသည့် လူတစ်ယောက်စ၊ နှစ်ယောက်စ ။
သူ ထိုလူတွေအား အာရုံလာပုံမပေါ် ။
နောက်ပြီး အကြည့်တွေ သူ့အကြည့်တွေက
လုံးဝကို မူမမှန်တော့သည့် လူတစ်ဦးနှယ် ။
အသိစိတ်မရှိတော့သည့် ပုံစံလိုလို ၊ စိတ်ဝေဒနာ
ခံစားနေရသည့် လူမမာလိုလို ခန့်မှန်းရခက်သည် ။
ထိုပိတ်စဖြူဖြင့် ဖုံးအုပ်ထားသည့် အမျိုးသားထံသို့
သူခြေလှမ်းတွေ တစ်လှမ်းချင်းတိုးကပ်သွားလိုက်သည် ။
နောက်ပြီး ပိတ်စဖြူအား ဖွင့်ဖို့ရာ လက်ပြင်ခိုက်
တုန်တုန်ယင်ယင် ဖြစ်လာပြန်သည့် လက် ။
သူနောက်သို့ ခြေတစ်လှမ်းဆုတ်သွားလိုက်၏ ။
" ဖုန်း...ဖုန်း ဘယ်မှာ "
ယောင်ယောင်ယမ်ယမ်းဖြင့် သူ့ခန္တကိုယ်သူ
လိုက်လံစမ်းကာ ဖုန်းအား သူရှာဖွေနေသည် ။
အောက်သို့ လျှောကျသွာသည့် ပုဝါစ ။
သူမကောက်အားပါ ။
" ဖုန်း...ငါ့ ငါ့ကို ဖုန်းပေးကြပါ "
အခန်းထဲမှာ ရှိနေသည့် လူများထံမှ ဖုန်းတောင်းနေသည့်
သူ့ရဲ့ ပုံစံမှာ ခြောက်ခြားဖွယ်ရာအတိ ။
စိတ်မနှံ့သည့် လူတစ်ဦးနှယ်ဖြစ်ကာ အလျှင်အမြန်ထိုး
ပေးလာသည့် သူနာပြုတစ်ဦးထံမှ ဖုန်အား
လှမ်းယူလိုက်ပြီး အခန်းထောင့်စွန်းစွန်းသို့
သူပြေးကပ်သွားသည် ။
YOU ARE READING
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿
