Unicode
" ဗီ! "
ဇေ မှင်သက်သွားသည် ။
" တွန်းမထုတ်ချင်စမ်းပါနဲ့ ခင်ဗျားရယ် ၊ ကိုယ့်ဘ၀မှာ
ရူးရူးမူးမူး ကပ်တွယ်ဖူးတာ ဦးယံတစ်ယောက်ပဲ ရှိခဲ့တာပါ ။ စွန့်ပစ်ခဲ့ရတဲ့ ခံစားချက်ကို ဦးယံသိလား..."ဗီလိန်သည် ဇေ့ဘေးသို့ ၀င်ထိုင်လိုက်ကာ ခပ်ဆွေဆွေ
ဆိုလိုက်သည် ။" နင့်နေအောင်ပဲ ၊ ရင်နှင့်မဆံ့အောင် နင့်နေအောင်
နာကျင်ခဲ့ရတာ ။ လူမှန်းသိတတ်စအရွယ် ၁၀နှစ်သား
အရွယ်လောက်ကတည်းက မိခင်ဖြစ်သူရဲ့
စွန့်ပစ်ခြင်း ခံရတယ် ။ ဖခင်ဖြစ်သူက သေဆုံးသွားတယ် ။ အားလုံး ကိုယ့်ကို စွန့်ပစ်သွားကြတယ်လေ ၊ ခုလည်း
ဦးယံက ကိုယ့်ကို စွန့်ပစ်ချင်နေပြန်ပြီ... ""....."
" ဒီအကြောင်းတွေကို ကိုယ်ဒီတစ်သက် ဘယ်သူ့ကိုမှ
ပြောမပြဘူးလို့ ရယ်ရွယ်ထားခဲ့တာ ၊ ဒါပေမဲ့
ဦးယံက ပထမဆုံးပဲ
ကိုယ်ပထမဆုံး ရင်ဖွင့်မိတဲ့သူ "ဟင့်!
" အရူးလို ကောင်...ငါ့ ငါ့ကို "
" အင်း ကိုယ်က ရူးတယ် ဦးယံရဲ့ ၊
အဲ့တာကြောင့် ကိုယ့်ကို အင့်! "" တော်ပြီ ဆက်မပြောနဲ့တော့ ၊ ငါ ငါ တောင်းပန်ပါတယ် "
ရင်ခွင်ထဲ လှစ်ခနဲဝင်လိုက်ကာ တောင်းပန်စကားဆိုလာတဲ့
သူအား ဗီလိန် အလိုက်တသင့်လေး ပွေ့ဖက်ထားလိုက်၏ ။မီးပုံကို ၀ိုင်းဖွဲ့ကာနေသည့် အချိန်ကတည်းက သူ
ထိုအမျိုးသားလေးကို အရိပ်တကြည့်ကြည့် ကြည့်နေခဲ့မိတာ ။ကိုယ်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်ကတည်းက
၀တ်လာသည့် အင်္ကျီလေးမှာ အဖြူရောင် shirt လက် အတိုလေးသာဖြစ်ပြီး ၀တ်ထားသည့် ခပ်ပွပွ
ဂျင်းဘောင်းဘီနဲ့ကြတော့ သူ့ဟာနဲ့သူ ဖရိုဖရဲလေးနဲ့
လိုက်ဖက်စွာ သိပ်ချစ်ဖို့ ကောင်းလွန်းနေတာကိုပင် ။ဘယ်လောက်ထိ ချစ်ဖို့ကောင်းသည်ဆိုစမ်းပါအုံး
တောင်ပေါ်ဒေသဘက်က ညဖက် အအေးလွန်သည်ဆိုတာ
ဒီလူမေ့နေသလား ။ တကယ် ပြောရဆိုရ ခက်တဲ့သူ ။
ESTÁS LEYENDO
Villain(ဗီလိန္) (Completed)
Romance" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿