(Unicode)
သားဖွားဆောင်>>>
" ဒေါက်တာ!!!
လူနာ သတိလစ်သွားပြီ!!"" ခုချက်ချင်း အရေးပေါ်ကုတ်ကို
ကြေညာလိုက်!!!
သွေး...လူနာရဲ့ နှလုံးခုန်နှုန်းက တအားနှေးနေတယ် ။
ခု...အသက်ရှူစက် အမြန်တပ် "" ဟုတ်! "
သားဖွားဆောင်က ဒေါက်တာရှေးခေတ်သွေးသည်
စီနီယာဖြစ်တဲ့ ဒေါက်တာ လွှမ်းသုခဘုံ ရဲ့စကားအတိုင်း
လူနာအား ချက်ချင်းပဲ အသက်ရှူလမ်းကြောင်းအတွင်းသို့
ပြွန်ထိုးသွင်းလိုက်ပြီး အသက်ရှူစက်ကို အမြန်တပ်လိုက်သည် ။
အရေးပေါ်ကုတ်ကြေညာထားတာ ဖြစ်သည့်အတွက်
သားဖွာဆောင်သို့ ဆရာဝန်/မ များ (၁၀) ယောက်
ထက်မနည်း ချက်ချင်းရောက်လာခဲ့ကြသည်ကိုတောင်
သွေး နှင့် လွှမ်း အာရုံမစိုက်နိုင်ပါ ။" လူနာရဲ့ နှလုံးက ခုန်သေးတယ် ။
ဒါပေမဲ့...နှလုံးထဲက သွေးတွေကို ခန္တာကိုယ်ထဲ တစ်စက်မှ ပို့လွှတ်လို့မရဘူးဖြစ်နေတယ်!!!"ထိုစကားကြောင့် ဒေါက်တာလွှမ်းပင်မက အခန်းထဲရှိ
ဆရာဝန်ဆရာမများပါ မကျန် မျက်လုံးအပြူးသားပင်
ဖြစ်ကုန်သည် ။ ဒါဟာ သူတို့အတွက် အံ့သြစရာဖြစ်ရပ်ဆန်း
တစ်ခုပင်မလား ။အကြောင်းမှာလည်း ကြောက်စရာကောင်းလွန်းလှတဲ့ လူနာရဲ့
သွေးခုန်နှုန်းဟာ ထင်တာထက်ကိုပို၍ ထူးဆန်းနေ၍ပင် ။နှဖူးပေါ်က ချွေစချွေးနလေးတွေအား
သူနာပြုတစ်ယောက် လာသုတ်ပေးပြီးနောက်
လွှမ်း လူနာကို (EPR)လို့ခေါ်တဲ့ အဆုတ်နဲ့ နှလုံးကို
ပြန်လည် အလုပ်လုပ်စေရန်အတွက် ရင်ညွန့်ကနေ
ဖိအားပေးပြီး မိနစ်၂၀ကြာ တစ်လှည့်စီ အလှည့်ကျ
ဆက်တိုက် ကုသနေခဲ့ကြသည် ။ သို့ပေမဲ့
အရာရာဟာ အချည်းနှီးသာ ။ ၁နာရီကျော်ကျော်
ကြာသည်အထိ ထိုလူနာရဲ့ အခြေအနေဟာ
ကောင်းမွန်လာခြင်းမရှိ၍ အားလုံးလက်လျှော့လိုက်ကြဖို့
ပြင်နေသည့် အချိန်ခဏလေးအတွင်းမှာပဲ ဒေါက်တာ
ခေတ်သွေးရဲ့ ' ရပ်လိုက် ' ဆိုတဲ့အာမေဋိတ်သံကြောင့်
အသက်ရှူစက်ကို ဖြုတ်ဖို့ပြင်နေတဲ့ သူနာပြုရဲ့ လက်တွေလည်း လေပေါ်တွင် တန့်ကုန်သည်။

BẠN ĐANG ĐỌC
Villain(ဗီလိန္) (Completed)
Lãng mạn" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿