To My Readers

2.1K 94 28
                                    

၆ နှစ်ကျော်တွဲခဲ့တဲ့ RS တစ်ခုက ဒီနေ့ပဲအပြီးပြတ်တောက်သွားပါပြီ။
ညိုရိပ်က အရမ်းချစ်ခဲ့တာမလို့ တအားခံစားရပါတယ်။
မရှုနိုင်မကယ်နိုင် ပြိုလဲရတဲ့အထိပါပဲ။

အလုပ်မှာ မိန်းကလေးတွေနဲ့အရောတဝင်နေလွန်းတာတွေ.....
ရည်းစားရှိတာကိုဖုံးကွယ်ပြီး Single လိုနေတာတွေ....
သူ့ဘက်ကကို အတင်းလိုက်ရောနေတယ်ဆိုတာမျိုးတွေ...
စုံစမ်းလိုက်တိုင်းကြားရတဲ့သတင်းတွေက မကောင်းတာတွေချည်းပါပဲ

တခြားစိတ်ဝင်စားရမဲ့သူရှိနေလို့လား တည့်တည့်ပဲမေးလိုက်တဲ့အခါမှာ
သူ ဆိတ်ငြိမ်ခြင်းနဲ့ဝန်ခံခဲ့ပါတယ်

အသည်းတွေတအားနာရပါတယ်
အလုပ်ဝင်တာမှ ၆ လတောင်မပြည့်သေးတာ ဒီလောက်ထိမြန်လိမ့်မယ်လို့မထင်ထားခဲ့မိဘူး

အဆုံးမှာတော့ ယောက်ျားလေးတွေရဲ့ထုံးစံအတိုင်း လမ်းခွဲစကားကိုလုံးဝ စ မပြောပါဘူး

ညိုရိပ်ဘက်ကပဲ မပြောပြောအောင် နည်းမျိုးစုံနဲ့လုပ်ပါတယ်

အဲ့တော့လည်း လမ်းခွဲမယ်ပြောလိုက်ပါတယ်

ညိုရိပ်ဘက်မှာ အခုလိုအခြေနေအဆင်မပြေတာလေးတွေရှိနေတဲ့အတွက် စာရေးတာကိုခဏနားထားပါမယ်ရှင်

အရင်ကတည်းကUpdate မမှန်ဖူးဆိုတာသိပေမဲ့ အခုတစ်ခါတော့ တော်တော်လေးကြာမှာပါ...

စာပြန်ရေးနိုင်မဲ့နေ့ရက်တွေလည်း အမြန်ဆုံးရောက်ဖို့ ဆုတောင်းပါတယ်

စာဖတ်သူများအားလုံးကို ညိုရိပ် တောင်းပန်ပါတယ်။

27.2.24.
2:37 AM

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now