Ep - 2

4.3K 276 11
                                    

နောက်တစ်နေ့ မနက်ရောက်သော် ....

' ဒေါက် ... ဒေါက် ... ရှောင်း !!!.'

ရိပေါ် အထဲက တုန့်ပြန်သံ မကြားရတာကြောင့် ထပ်အော်လိုက်သည်။

' ရှောင်း !!!!.'

' ဟင် !!!!.'

ရှောင်းကျန့် မနေ့ညက အတိုင်း ကုတင်ခြေရင်းမှာပဲ ခေါင်းတင်ရင်း အိပ်ပျော်သွားခဲ့တာ။ အခုမှ နားထဲမှာ ရိပေါ်ရဲ့ အသံလိုလို ကြားလိုက်ရမှ နှိုးလာတာ ဖြစ်သည်။

' ဒေါက် ... ဒေါက် ... ရှောင်း မင်း အထဲမှာ လား။'

ခေါင်းထောင်လိုက်မှ အပြင်ဘက်ကနေ ရိပေါ်ရဲ့ အသံ ထပ်ကြားလိုက်ရပြန်သည်။ ရိပေါ် ဘယ်တုန်းက ပြန်ရောက်တာလဲ။

ရှောင်းကျန့် အိပ်မက် မဟုတ်ပဲ တကယ်ပဲ ရိပေါ်က အပြင်မှာ သူ့ကို လာခေါ်နေတယ်ဆိုတာ ရှင်းရှင်း လင်းလင်း သိလိုက်ရတာကြောင့် အမြန် ထ ရပ်လိုက်ပြီး တံခါး သွားဖွင့်ဖို့ လုပ်ပေမယ့် မနေ့ည တစ်ညလုံး ငိုထားတော့ သူ့မျက်လုံး မို့အစ်နေမှာကို ပြန်သတိရသွားတယ်။

' ဘယ်လိုလုပ်ရမလဲ ...'

ရှောင်းကျန့် မှန်တင်ခုံမှာ သွားကြည့်တော့ ငိုထားတယ် ဆိုတာ ခန့်မှန်း ကြည့်စရာတောင် မလိုတော့ပါ။ သူ့ ခံစားချက်တွေ ကို ရိပေါ် သိလို့ မဖြစ်ဘူး။

ရှောင်းကျန့် ဗီဒို ထဲက ခြုံထည် တစ်ခု ယူပြီး ခေါင်းကို ပတ်လိုက်ပြီးမှ တံခါးဆီ သွား ဖွင့်ပေးလိုက်သည်။

' ဟင် !!! ရှောင်း ဘာဖြစ်တာလဲ။'

ရိပေါ် တံခါး ပွင့်လာတာနဲ့ တစ်ပြိုင်နက် တစ်ခေါင်းလုံး ခြုံထားတဲ့ ရှောင်း ကို တွေ့လိုက်ရတာကြောင့် အထူးဆန်း ဖြစ်သွားရသည်။

' အဟွတ် !!! အဟွတ် !!!

ရိပေါ် အနား အရမ်းမကပ်လာနဲ့ ငါ နည်းနည်း နေမကောင်း ဖြစ်ချင်နေတာ။ တော်ကြာ ကူးသွားမယ်။'

' ဒါဆို ဆေးခန်းသွားမလား။ တော်ကြာ ဖိုး နဲ့ အဖွား သိမှ ငါ ဂရုမစိုက်ဘူးလားဆိုပြီး အပြစ်ပြောနေအုံးမယ်။'

' ရတယ်။ ငါ ခန အိပ်ပြီးရင် သက်သာသွားလိမ့်မယ်။ ရိပေါ် ဗိုက်ဆာ နေပြီလား။'

Even Replace ( Completed )Where stories live. Discover now