Ep - 16

3.9K 167 12
                                    

Korea Seoul ရဲ့ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် တစ်ခုရဲ့ အခန်းတစ်ခန်းထဲတွင် ...

' ကျင်းပေါင် ငါနဲ့ လိုက်ခဲ့မလား။ ဒါမှ မဟုတ် နေခဲ့မလား။'

' ကြာမှာလား။'

' မကြာလောက်ပါဘူး။ လက်တွေ့ လုပ်ရမှာ မပါဘူးလေ။ ဒီတိုင်း သူတို့ အဆင့်ဆင့် ရှင်းပြတာကို နားထောင်ရုံပဲ။'

' ကိုးရီးယားလို ပြောမှာလား။'

' အင်္ဂလိပ် ထင်တယ်။ နိုင်ငံတကာ က ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်တွေ အကုန်လုံး လာရမှာဆိုတော့...'

ကျင်းပေါင် သူက ကျောင်းကို ရိုးရိုးကျောင်းကပဲ အောင်ထားပြီး အပြင်က ဘာသာစကား သင်တန်းတွေလည်း မတက်ထားတော့ ကိုးရီးယားလိုတောင် မပြောတတ်တာ အင်္ဂလိပ်ဆို ရိုးရိုး sentence လောက်ပဲ ရပါသည်။

' ဒါဆို မလိုက်တော့ဘူး။ ငါ ဒီအခန်းထဲမှာပဲ စောင့်နေလိုက်တော့မယ်။'

' အင်း ဒါဆိုလည်း နားနေလိုက်။ ငါ ပြန်လာမှ အပြင်ပြန်ထွက်ကြမယ်။'

' အင်း။ မင်း ရေ ထပ်မချိုးသွားတော့ဘူးလား။'

' မချိုးတော့ဘူး။ အဲ့ကနေ ပြန်လာမှပဲ ချိုးတော့မယ်။'

' အင်း။ သဘော ... ငါတော့ ရေချိုးပြီး ခန အိပ်လိုက်မယ်။'

' ဟုတ်ပါပြီ။ နားနား နေနေ နေ ... ဗိုက်ဆာရင် ဒီဟိုတယ်မှာ မှာစားထားလိုက်။'

' အင်းပါ။ မင်း နဲ့ အပြင်ထွက်မှပဲ စားတော့မယ်။'

' အင်း။ ဒါဆို ငါ သွားလိုက်အုံးမယ်။ အခန်းသော့ကို ငါပဲ ယူသွားလိုက်တော့မယ်။'

' အင်း ...'

ရိဖုန်း သူ့ရဲ့ Laptop အိတ်နဲ့ ပြင်ဆင်လာတဲ့ ပစ္စည်းတွေ ယူပြီး ဒီ ဟိုတယ်မှာပဲ အထူးသင်တန်း ပေးမယ့် နေရာဆီ လာခဲ့လိုက်တော့သည်။

ကျင်းပေါင် ရိဖုန်း ထွက်သွားပြီးမှ ရေချိုးဖို့ အဝတ်စားတွေ ယူပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။

~~~~~~~~~

China Beijing ....

' တီး ... တီး ...'

' ယွင်ရှင်း ခြံတံခါး သွားဖွင့်ပေးလိုက်။'

' ဟုတ် အကိုလေး။'

Even Replace ( Completed )Where stories live. Discover now