Ep - 37

1.9K 69 4
                                    

YiZhan House//

Xiao Jewellery....

' ရှောင်းကျန့် ကို အကူညီတောင်းပါတယ်။ ဝမ်ရိပေါ် ကို ပြောပေးပါနော်။'

လန်ဟွား ရှန့်ကုန်း စကားကြောင့် ရှောင်း ကို ကြည့်လိုက်တော့ အရမ်း စိတ်ကောင်း ရှိတဲ့ ရှောင်းကျန့် က ခုန ရှန့်ကုန်း သူ့ အစ်မ အကြောင်း ပြောနေကတည်းက မျက်နှာ မကောင်းတော့တာ ဖြစ်ပြီး အခု ရှန့်ကုန်းက လက်နှစ်ဖက် လာကိုင်ပြီး ဒူးထောက်ချ မလို ထပ်ပြောတော့ ပိုဆိုးသွားပါတော့သည်။

ရှောင်းကျန့် သူ့လက်ကို လာကိုင်ပြီး ဒူးတောင် ထောက်ချတော့မလို လုပ်နေတဲ့ ရှန့်ကုန်း ကို ဆွဲလိုက်ပြီး ဆိုဖာမှာ ခေါ်လာလိုက်သည်။

' အင်း ပြောလိုက်မယ်။ လာ ... ထိုင်ပါအုံး။ အခုလို လုပ်စရာ မလိုပါဘူး။ အချိန်လည်း ၂ နှစ် ကြာသွားခဲ့ပြီပဲ။ ပြီးတော့ သူ့ကြောင့်နဲ့ သခင်ကြီး ကို ဖမ်းမိသွားသေးတယ်မလား။ ပြီးတော့ ငါကလည်း ဘာမှ ကြီးကြီး မားမား ဖြစ်သွားတာမှ မဟုတ်တာ။'

' ကျေးဇူး တင်ပါတယ်။ ကျဲ ကို တရားရုံးမှာ အမိန့်ချကတည်းက ဝမ်ရိပေါ်က ပိတ်ထားတာကြောင့် ငါတို့ ရှေ့နေလည်း ခေါ်လို့ မရဘူး။ အခု ကျဲ က ထောင်ထဲမှာ အနေဆင်းရဲ အစားဆင်းရဲ စိတ်ပါ ဆင်းရဲပြီး နေမကောင်း ဖြစ်နေလို့ အရဲစွန့်ပြီး ထပ်လာပြီး အကူညီ တောင်းရတာပါ။'

' အင်း။ ငါ စိတ်မကောင်းပါဘူး။ မင်း အစ်မ အခြေနေ အရမ်းဆိုးနေလို့လား။'

' ထောင်ထဲမှာ ဆိုတော့ သိတဲ့အတိုင်းပဲလေ။ ကြီးနိုင် ငယ်ညှင်းပေါ့။ ဝမ်ရိပေါ်က ဘယ်လို သွားလုပ်ထားလဲ မသိဘူး။ ငါတို့က ထောင်မှုးဆီမှာလည်း ပိုက်ဆံတောင် နည်းနည်း ပါးပါး သွားပေးလို့ မရဘူး။ အဲ့ဒါကြောင့် အခု ကျဲ ဆို ၂ နှစ်အချိန်အတွင်းမှာ ရုပ်တောင် ဖမ်း မမိချင်တော့ဘူး။'

' ဟုတ်လား ....'

ရှောင်းကျန့် သူ့ကို ပြောပြရင်း အသံတွေ တိမ် တိမ် ဝင်သွားတဲ့ ရှန့်ကုန်း ကြောင့် သူလည်း တကယ် စိတ်မကောင်း ဖြစ်မိပါသည်။

လန်ဟွား လည်း အခု ရှန့်ကုန်း ပြောနေတာတွေက အမှန်တရား ဖြစ်နိုင်ချေ များတာမို့ အရင်က ရှောင်း အပေါ် လုပ်ခဲ့တဲ့ ကိစ္စကြောင့် အခုလို ဖြစ်သွားတာ နည်းသေးတယ်လို့ ပြောခဲ့ပေမယ့် ရှန့်ကုန်း ဆီက အခုလို ပြန်ကြားသိရတော့လည်း စိတ်မကောင်း အနည်းငယ် ဖြစ်သွားသည်။ မိန်းကလေး ဖြစ်နေတော့ ပိုဆိုးမှာပေါ့။ စိတ်မထားတတ်ရင် ရူးတောင် ရူးသွားအုံးမှာ။

Even Replace ( Completed )Where stories live. Discover now