Ep - 18

3.1K 140 15
                                    

နောက်တစ်နေ့ မနက် ရောက်သော် ....

' ဒေါက် ... ဒေါက် ... သား ရှောင်းလေး။'

ယွမ် အမျိုးသမီး နေမြင့်နေပြီကို ခုထိ အောက်ထပ် ဆင်းမလာသေးတဲ့ ရှောင်းလေး ကြောင့် အပေါ်ထပ်မှာ ကိုယ်တိုင် အခန်း တံခါး လာခေါက်တာ ဖြစ်သည်။

ယွမ် အမျိုးသမီး သူ ခေါက်နေပေမယ့် အထဲက ဘာအသံမှ မပေးတာကြောင့် ထပ်ခေါက်ကြည့်လိုက်သည်။

' ဒေါက် ... ဒေါက် ... သား ... ရှောင်းလေး။ မ ထ သေးဘူးလား။'

ခန ထပ်စောင့်ကြည့်ပေမယ့် အထဲက တိတ်ဆိတ်နေတုန်းပဲ ဖြစ်သည်။

' ကလေးက မနေ့ည မအိပ်ပဲ နှိုးနေလို့ ထင်တယ်။ အဲ့ဒါကြောင့် အခု ဘယ်လောက် ခေါ်ခေါ် မနှိုးတာ။'

ယွမ် အမျိုးသမီး အထဲက တိတ်နေတာကို သူ့အတွက် ပိုပြီး စိတ်သက်သာရာ ရပါသည်။ မဟုတ်လို့ ကလေး တစ်ခုခု ဖြစ်ရင် ရှောင်းလေးက သူ့ကို လာခေါ်မှာပဲလေ။

ဘယ်လောက် ခေါ်ခေါ် မနှိုးတဲ့ ကလေးအဖေ အသစ်ကို ထားခဲ့ပြီး အောက် ပြန်ဆင်းလာလိုက်သည်။

~~~~~~~~~~~

' အင်း ..... အ !!!! ငါ့ခေါင်း ....'

ရိပေါ် နှိုးလာတော့ သူ့အခန်း ပြန်ရောက်နေတာကြောင့် မနေ့ည သူ့ကို ဝပ်ရှော့က ကောင်လေးတွေ သွားခေါ်လာခဲ့တယ်ဆိုတာ သိလိုက်သည်။

' ချီးပဲကွာ ... ခေါင်းတွေထဲ ဗုံတွေ တီးနေသလိုပဲ။'

ရိပေါ် သူ့ခေါင်းကို ကိုင်လိုက်ပြီး အိပ်ယာပေါ်က ဆင်းလိုက်သည်။ ဒီနေ့က အိပ်နေလို့ မဖြစ်ပါ။ သူ လိုင်းကား ဆွဲဖို့ ခွင့်ပြုမိန့် စာရွက်ကိစ္စကို စည်ပင်မှာ လိုင်းကြေး သွားသွင်းရမှာ ဖြစ်သည်။ ပြီးတော့ ဂိတ် အနားမှာ တွဲဖွင့်မယ့် စားသောက်ဆိုင်အတွက် စားဖိုမှုးတွေ ဝန်ထမ်းတွေ ရှာရအုံးမယ်။

* ဘာတွေ ကြည့်နေကျတာလဲ ...*

ရိပေါ် သူ ရေချိုးဖို့ ထွက်လာတော့ ဝပ်ရှော့က ကလေးတွေက သူ့ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေတာ တွေ့ရသည်။

' ဟင် .... ဒီဟာက ဘယ်က ရောက်လာတာလဲ ...'

ရိပေါ် ရေချိုးခန်းထဲ ရောက်တော့မှ မှန်ထဲမှာ မြင်ရတဲ့ သူ့ ရင်ဘတ်ပေါ်က နှုတ်ခမ်းနီရာ ကြောင့် ခုန ကလေးတွေ သူ့ကို ဘာလို့ ကြည့်နေကြတယ်ဆိုတာ နားလည်သွားသည်။

Even Replace ( Completed )Where stories live. Discover now