Ep - 12

3.6K 180 6
                                    

အီတလီ ရောမ မြို့တွင် ....

' ဟိုကလေး ... မင်းလည်း ပြန်တော့။'

' ဘာလို့ ပြန်ရမှာလဲ။ သားရဲ့ ပါပါး ကို ပြောပြီးသား ကျောင်းပြန်မဖွင့်ခင်ထိ ကိုကို့ ဆီမှာပဲ နေမယ်လို့။'

' မရဘူး။ ငါ ... သင်္ဘော ပြန်တက်ဖို့ သွားရတော့မှာ။ အဲ့ဒါ မင်းလည်း အမေရိကားကို ပြန်ရမယ်။'

' ဘာဆိုင်လဲ။ ဦးဦး ဘာသာ သွားစရာ ရှိတာ သွားလေ။'

' ငါ သွားရင် မင်းက ညတိုင်း ရှောင်း ကို ဖက်အိပ်နေတော့မှာပေါ့။ ငါက အဲ့ဒါကို ခွင့်ပြုမယ် ထင်လား။'

' အဲ့လိုပြောရရင်ဆို ... အခု ပြီးသွားတဲ့ တစ်ပတ်မှာ သား ကိုကို့ ကို ဖက်အိပ်ရလား ပြော....'

' အဲ့ဒါ ငါ ရှိနေလို့လေ။ အဲ့ဒါကြောင့် ငါ သွားရင် မင်းလည်း ပြန်တော့။'

' ပြန်ဘူး။'

' ပြန်ရမယ်။'

' မ ပြန် ဘူး။'

' ကဲ ... ဘာတွေ ဖြစ်နေပြန်ပြီလဲ။ မင်းတို့ အသံကို မကြားချင်လို့ နီယွန်ဆို အပြင်ပဲ လှိမ့်နေတာ။ ဟော ... မော့ကွေကျလည်း သူ့သားတောင် သူ မနိုင်တော့လို့ ပြန်ဖို့ ပြင်နေပြီ။ မင်းတို့ မပျင်းဘူးလား။ ရန်ဖြစ်နေတာ အီတလီ ကို စ ရောက်တဲ့နေ့ကတည်းကပဲ။'

' ရှောင်း ... သူ မပြန်သေးဘူးတဲ့။ အဲ့ဒါ မင်း သူ့ကို နှင်ထုတ်လိုက်တော့။'

ရှောင်းကျန့် သူ လာတာနဲ့ လက်ဆွဲပြီး သူ့ အနားမှာ အတူထိုင်ခိုင်းလိုက်တဲ့ လိန်ဖုန်း ကြောင့် ထိုင်လိုက်ရသည်။

' ကလေးက မပြန်ချင်လည်း နေပါစေလေ။ မင်းက ဘာလို့ အဲ့လောက်ထိ စိတ်ထဲ ထားနေတာလဲ။ ကျင်းရှင်းက ခုမှ ၁၀ နှစ်ပဲ ရှိပါသေးတယ်။ မင်း မရှက်ဘူးလား မင်းက ၂၅ ရှိနေပြီ။ ကလေးနဲ့ ဘာပြဿနာမှ မဟုတ်ပဲ လိုက်ပြိုင်ဖြစ်နေတာ။'

လိန်ဖုန်း သူ ဆူခံနေရတာကို တစ်ဖက် ဆိုဖာကနေ ပြုံးစိစိ နဲ့ သဘောကျနေတဲ့ ချီကျင်းရှင်း ကို ဂြိုသ်ကြည့် ကြည့်လိုက်သည်။

' မသိဘူး။ မင်း အနားမှာ ကပ်နေရင် ပုရွက်ဆိတ်တောင်မှ ကြည့်မရဘူး။'

Even Replace ( Completed )Where stories live. Discover now