Ep - 32

2.2K 84 3
                                    

' ထင်း ...

ထင်း ...

ထင်း ...

ဂလုံ ...

ဂလုံ ...'

' အာ ... ဘာသံတွေလဲ။'

ရှောင်းကျန့် အသံမျိုးစုံကြောင့် အိပ်ယာနှိုးလာရသည်။ ဘေးမှာ ကြည့်လိုက်တော့ ရိပေါ်လည်း အပေါ်ပိုင်း ဗလာနဲ့ အိပ်ပျော်နေတယ်။

' ထင်း ....

ထင်း ...'

ရှောင်းကျန့် သူ နှိုးနေပြီကို ဆက်တိုက် ထွက်နေသေးတဲ့ အသံကြောင့် သူ့ဖုန်းကဆိုတာ သိလိုက်သည်။

' ဟင် ... ဘာလို့ မှုန်နေတာလဲ။

အာ ... မျက်မှန်။ ငါ့မျက်မှန် ....'

ရှောင်းကျန့် မျက်မှန် ယူတပ်ပြီး ဖုန်းကို ဖွင့်ကြည့်တော့ လိုင်းက ဖွင့်ထားပြီး သူ့ပိုစ်အောက်မှာ ကောမန့် တွေ ဗလပွ ဖြစ်နေပါတယ်။

" ဟဲ့ ... ရှောင်းကျန့် နဲ့ ဝမ်ရိပေါ်က ရည်းစားတွေလား။"

" ဟဲ့ ... သေချာပြူးကြည့်အုံး ... ပေါင်ပေါ်တောင် တက်ထိုင်နေတာ ရည်းစား အဆင့်လား။"

" အားးးးးး ငါ သဘောကျတဲ့ ယောကျာ်းလေး အတွဲ နောက်တစ်တွဲ ထပ်ပြီး real ဖြစ်ပြီပေါ့။"

" ဟဲ့ ... ပြင်သစ် အနမ်းတွေ ဘာတွေ မပါဘူးလား။"

" သူတို့ အိမ်ရောက်ရင်တော့ ပါရင် ပါမှာပေါ့။ ပြင်သစ် အနမ်းကို ပါ့ပလစ် မှာ ပြရအောင် ဝမ်ရိပေါ်က ကျောင်းတက်ကတည်းက မျက်နှာတည်လွန်းလို့ ကျောင်းသာ ပြီးသွားတယ်။ သေချာအောင်တောင် မငမ်းလိုက်ရဘူး။ အခု သူ့ကောင်လေးကို သူ နမ်းပြမယ် ထင်လား။ ဆုတောင်းလေ ..."

ရှောင်းကျန့် ပုံတွေက သူတို့ အချင်းချင်း Tag ထားတာကြောင့် အခု အောက်မှာ ကျောင်းတုန်းက သူငယ်ချင်းတွေ တစ်ယောက် တစ်ပေါက် ဝင်မန့်နေကြတာ ဖြစ်သည်။

ဒါတောင် အပေါ်က မန့်တွေပဲ ဖတ်ရသေးတာ။ ကျောင်းသားဟောင်း တွေ့ဆုံပွဲတွေ ဘာတွေ ရှိလာရင် ဘယ်လို မျက်နှာနဲ့ သွားရမလဲ။

' အားးးးး ... မနေ့ည ငါ ဘာတွေ လုပ်ခဲ့တာလဲ။ ပြီးတော့ ဘယ်လိုလုပ် ရိပေါ်ရဲ့ ပေါင်ပေါ်ထိ တက်ထိုင်ရဲတာလဲ။'

Even Replace ( Completed )Where stories live. Discover now