' ကိုကို ... ကျနော့် အိမ်မှာ တည်းလိုက်ဆို ...'
' ဟာ ... မတည်းဘူး။ မင်း အဖေ ကို ကြည့်လို့ မရဘူး။'
' နောက်ကျ ကိုကို့ ယောက္ခထီး ဖြစ်လာမယ့် လူနော်။'
' မင်း ... မင်း .... အဲ့လိုတွေ ခန ခန မပြောနဲ့။ မင်း နဲ့ ငါ မဖြစ်နိုင်ဘူးလို့ ပြောပြီးပြီလေ။'
' ဘာလို့ မဖြစ်နိုင်တာလဲ။ ကျနော်က အသက်ငယ်နေလို့လား။ ကိုကို့ ကို ကျနော် လည်း အခု မယူသေးပါဘူး။ ကျောင်းပြီးမှ လက်ထပ်ဖို့ စဉ်းစားထားတာပါ။'
လိန်ဖုန်း အိမ်ထောင်ရေး အကြောင်းကို ကျောပိုးအိတ်လွယ်ပြီး ကျောင်းသား ဝတ်စုံနဲ့ ပြောနေတဲ့ ကောင်လေးကို ကြည့်ပြီး ပြောစရာများပင် ပျောက်ရှ သွားရသည်။ ယူမှာကလည်း မိန်းမတောင် မဟုတ်ဘူး။ ယောကျာ်းယူမှာကို ဘာလို့ အေးအေး လူလူ ပြောနေနိုင်ရတာလဲ။
' ငါ့အိမ်က သဘောတူမှာ မဟုတ်ဘူး။ ဒီတော့ မင်းလည်း ငါ့လို အသည်းမကွဲချင်ရင် ခုကတည်းက စိတ် ဖြတ်လိုက်တော့။'
' သဘောမတူလည်း ကျနော့်နောက် လိုက်နေလေ။ ကိုကို တစ်ယောက်စာတော့ ပါပါး ကျွေးထားနိုင်ပါတယ်။'
လိန်ဖုန်း လူ နှစ်ယောက် ဘဝ တစ်ခု အတူတည်ဆောက်ကြတာ နှစ်ယောက်တည်းနဲ့ မပြီးဘူးဆိုတာ ဒီ ကလေးကို ဘယ်လို နားလည်အောင် ရှင်းပြရမလဲ စဉ်းစားနေပါသည်။
ကျင်းရှင်း ဒိန်ချဉ်ဗူး ကို စုပ်သောက်နေရင်း မျက်နှာမှာ ရှုပ်ထွေးမှုတွေ အတွေး တွေနဲ့ ပြည့်နေတဲ့ ကိုကို့ ကို ဇိမ်ပြေနပြေ ထိုင်ကြည့်နေလိုက်သည်။ တကယ်တော့ ကိုကိုလည်း ရှောင်း ကောကော လောက် မချောပေမယ့် သူ့ဘာသာသူတော့ ချောတဲ့ထဲ ပါနေပါတယ်။
ကျင်းရှင်း ကြည့်ရင်းနဲ့ ကိုကို့ ကို ဆက်မချစ်ဖို့ တားလို့ မရတော့ဘူးဆိုတာ သူ့ကိုယ်သူ သိလိုက်သည်။
' ကဲပါ ကိုကိုရာ မြန်မြန်စား ပြီးရင် ပြန်ကြမယ်။ ကျနော် အိမ်ပြန်နောက်ကျနေပြီ။'
' ပြန်ပါလား။ မင်းကို ဘယ်သူက နေခိုင်းနေလို့လဲ။'
' ကိုကို့ ကို စိတ်မချလို့လေ။ သင်္ဘောသား ဆိုပေမယ့် နယူးယော့ခ်မှာ လာပြီး မျက်စိလည်သွားရင် ဘယ်လိုလုပ်မလဲ။'
![](https://img.wattpad.com/cover/314400615-288-k11912.jpg)
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12