Ep - 33

2K 79 4
                                    

' ဟင်း ....'

' ဟူး ....'

.
.
' ဟင်း ...'

' အား ...'

' ဘာဖြစ်နေတာလဲ။ ငါ အလုပ်ဆင်းချိန် ရောက်တော့မယ်ဆိုမှ လာသေးတယ်။ မျက်နှာက မယား သေလို့ အပူမိနေတဲ့ ရုပ်နဲ့။

အဲ့လောက် သက်ပြင်းချမနေနဲ့ အသက်တိုမယ်။'

လိန်ဖုန်း ဟိုသွား ဒီသွား နဲ့ လမ်းလျှောက်နေတာရပ်ပြီး ရိဖုန်းရဲ့ ရှေ့မှာ ပြန်လာထိုင်လိုက်သည်။

' မနေ့ည ငါ မင်းကို ဟိုကလေးအကြောင်း ပြောပြတယ်မလား။'

' မင်းကို ကြိုက်နေတယ် ဆိုတဲ့ ကလေး မလား။'

' အေး ... ငါ သူ့ကို ငြင်းထားပြီးမှ မနေ့ည မူးပြီး သူ့ကို စာသွားပို့ထားတယ်။'

ရိဖုန်း သူလည်း အလုပ်ဆင်းပြီး မြန်မြန် ပြန်ချင်နေပြီ ဖြစ်တာကြောင့် လိန်ဖုန်းကို တစ်ချက်ပဲ ကြည့်ပြီး သူ့ အလုပ်ကို ပြန်အာရုံစိုက်နေလိုက်သည်။

' အဲ့ဒါ ... ငါ့စာကို Seen ပြသွားတယ်။'

' အဲ့ဒီတော့ ...'

' သေပြီပေါ့ကွ။ ငါ ငြင်းထားပြီးမှ ငါ့ဘက်က အဲ့လို ပြန် စ တော့ ရှက်စရာကြီး။'

' မင်းက သူ့ကို စိတ်ထဲ ရှိနေလို့လား။'

လိန်ဖုန်း ရိဖုန်းရဲ့ စကားကြောင့် ပက်ခနဲ ပြန်မပြောနိုင်ပဲ တွေဝေ သွားသည်။

' အရက်မူးရင် စိတ်ထဲ ထွက်လာတာတွေက အမှန်တွေလို့ ပြောတတ်ကြတယ်မလား။'

' ဒါဆို ... မင်းလည်း အဲ့ကလေးကို သဘောကျနေပြီပေါ့။ ဒါပေမယ့် သူက မင်းကို စိတ်ဖြတ်နေပြီဆိုရင် ဘယ်လိုလုပ်မလဲ ... အခုရော မင်း စာ ကို ပြန်ပို့လာ လား။'

' မပို့ဘူး။'

ရိဖုန်း တစ်ချက်ပြုံးလိုက်ရင်း ...

' ကောင်းတာပဲလေ။ မင်းလည်း မင်း ပါး နဲ့ မား ကို မနိုင်ဘူးမလား။'

' မနိုင်တာ မဟုတ်ပါဘူး။ တကယ်လို့ ငါ့ဘက်က ချစ်ပြီး သူ့ဘက်ကလည်း ငါ့ကို ချစ်နေတယ်ဆို ယောကျာ်းလေး ဖြစ်နေရင်တောင် ငါ လက်မလွှတ်တော့ဘူး။'

Even Replace ( Completed )Where stories live. Discover now