ဆေးရုံကနေ ထွက်သွားတဲ့ ကားတစ်စီးပေါ်တွင် သူ ချစ်တဲ့ ကောင်လေး နဲ့ အဆင်ပြေသွားလို့ ကားမောင်းနေရတာကို သူ့ကိုယ်သူ နတ်ပြည်သွားတဲ့ နတ်ရထား မောင်းနေရသလို အောက်ခြေလွှတ်နေတဲ့ ကောင်လေး ပါနေသလို ၊ အကြာကြီး ဥ ပြီး ချစ်ရတဲ့ ကောင်လေးက သူ့ကို ပြန်ချစ်ပေးလာတာကြောင့် ကြည့်စရာ မရှိတဲ့ လမ်းပေါ်က ကားတွေ ကြည့်ပြီး ပြုံးရင်း ဘေးကနေ လိုက်ပါလာတဲ့ ယုန်သွား နဲ့ ကောင်လေးလည်း ရှိနေပါသည်။
' ရှောင်း ...'
' ဟင် ...'
' မင်း ... ဆိုင်ကို သွားမှာမလား။'
' အင်း ဟုတ်တယ်။'
' ကလေးကိုပါ ခေါ်ခဲ့တာလား။ အိမ်မှာ ထားခဲ့တာလား။'
' ဒီနေ့တော့ ခေါ်ခဲ့တယ်။ တစ်နေကုန် အန်တီယွမ် နဲ့ ထားခဲ့ရင်လည်း အားနာလို့။'
' ဆိုင်မှာက အဆင်ပြေလို့လား။'
' ပြေပါတယ်။ လန်ဟွား နဲ့ ကျင်းပေါင်တောင် သားသားကို ချစ်နေကြတာ။'
' အင်း။ ဒါဆို ငါလည်း ဒီနေ့ လိုက်ခဲ့မယ်လေ။ ကလေးကို သေချာတောင် မကြည့်ရသေးဘူး။'
' မင်းက အားလို့လား။'
' အား လား မေးရင်တော့ အားတဲ့အချိန်ကို မရှိဘူး။ ဒါပေမယ့် အလုပ်က အသက်ရှင်နေသရွေ့ လုပ်ရမှာပဲလေ။ မင်းကိုကျ ခုမှ ပြန်အဆင်ပြေတာဆိုတော့ မင်းကို ပိုပြီး အချိန်ပေးချင်လို့။'
ရှောင်းကျန့် သူ့ကို ရရင် ရသလို ဖလစ် နေတဲ့ ရိပေါ်ကြောင့် မျက်စောင်းထိုးလိုက်ပြီး ...
' ဘယ်သူက အဆင်ပြေပြီ ပြောလို့လဲ။ မင်း အချိုးပြေလား မပြေလား ကြည့်အုံးမှာ။'
' ဒါဆို ... အခုကတည်းက ကြိုပြီး ဝန်ခံစရာ တစ်ခု ရှိတယ်။ ဒါပေမယ့် ငါ ဘာမှ လုပ်ခဲ့တာ မဟုတ်ဘူးနော်။ သက်သေလိုချင်ရင် မနေ့က သွားတဲ့ ဘား က ကောင်လေး နဲ့ ငါ့ဝပ်ရှော့က ကောင်လေးတွေကို ခေါ်မေးလို့ ရတယ်။'
' ဘာကိစ္စလဲ ဆိုတာ အရင်ပြောလေ ...'
' ဟိုဟာလေ ... မင်း နဲ့ ဆေးရုံကနေ စကားများတဲ့နေ့လေ... အဲ့နေ့တုန်းက မင်း ငါ့ကို လျစ်လျူရှုပြီး ကွာရှင်းစာချုပ်မှာလည်း လက်မှတ်ထိုးပြီး ပို့ပေးလိုက်မယ် ပြောလို့ ငါလည်း စိတ်ညစ်ပြီး တစ်နေကုန် အရက် သွားသောက်နေတာ။ အဲ့ဒါ ငါ အရမ်းမူးတော့ ငါ သွားသောက်တဲ့ ဘားက ကောင်လေးက ငါနဲ့ သိတယ်။ အဲ့ဒါ သူပဲ ဝပ်ရှော့က ကောင်လေးကို ဖုန်းဆက်ပြီး ငါ့ကို လာခေါ်ခိုင်းတာ။
![](https://img.wattpad.com/cover/314400615-288-k11912.jpg)
YOU ARE READING
Even Replace ( Completed )
Fanficသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12