Ep - 40

2.1K 67 7
                                    

December 31 ရက် ... ည

ဝမ်အိမ်ရဲ့ ခြံထဲတွင် စားပွဲအရှည်ကြီး ချထားပြီး စားပွဲရဲ့ နှစ်ဖက်စလုံးမှာ လူတွေ ပြည့်နေပါသည်။

စားပွဲပေါ်မှာတော့ နာမည်ကြီး စားသောက်ဆိုင်က မှာထားတဲ့ ဟင်းပွဲတွေ မျိုးစုံနေပြီး အငွေ့တထောင်းထောင်း ထ နေတာတွေရော ၊ ငရုတ်သီးနဲ့ လိုက်ဖက်လို့ ဟင်းပွဲပေါ်မှာ ငရုတ်သီးကြောင့် နီရဲနေတဲ့ ဟင်းပွဲတွေရော စုံလို့ နေပါသည်။ ပြီးတော့ လူငယ်တွေနဲ့ လူလတ်ပိုင်း အတွက် ဘီယာ ကို စည်ပိုင်း နဲ့ ၃ စည် ပါ စားပွဲဝိုင်းရဲ့ မလှမ်းမကမ်းမှာ ချထားပါသေးတယ်။

ဒါပေမယ့် အဲ့ဒီ ပြီးပြည့်စုံတဲ့ စားပွဲမှာ ဝမ်အဖိုး နဲ့ ရှောင် အဖွား မရောက်သေးလို့ အကုန်လုံး ကိုယ့်ပန်းကန် နဲ့ ကိုယ့်တူ နဲ့ ကိုင်ထားတဲ့ သူ က ကိုင်ပြီး တစ်ချို့ကလေးတွေကလည်း သူတို့ လက်ထဲက တူ ကိုက်ရင်း စောင့်နေပါသည်။

~~~~~~~~~~~~

ဝမ်အိမ်ထဲတွင် ...

' ရော့ ... ဒါက မြေး ရှောင်းလေး နဲ့ ရိပေါ် အတွက်။'

ရှောင်းကျန့် အဖွား ကမ်းပေးလာတဲ့ အိတ်ကို ယူပြီး ကြည့်လိုက်တော့ ချည်ထိုး င်္အကျီလေးတွေ ဖြစ်ပုံ ရတာကြောင့် ထုတ် ကြည့်လိုက်တော့ တကယ်ပဲ ချည်ထိုး ဆွယ်တာလေး ဖြစ်နေတယ်။

' ဒါက ... ရှင့် အတွက် ...။'

ဝမ်အဖိုး သူ့ကို ပေးလာတဲ့ လက်ဆွဲအိတ်ကို ယူပြီး ထုတ်ကြည့်လိုက်တော့ မီးခိုးရောင် အပြင်ထပ် ဆွယ်တာ ဝစ်စကုတ် တစ်ထည် ထွက်လာတယ်။

' ဖွားဖွား ... တား ရော ...'

' အဟင်း ... ဖွားရဲ့ မြစ်လေး အတွက်လည်း ပါတာပေါ့။ မေ့စရာလား ...။ ဒီမှာ ...'

ရှောင် အဖွား သူ့နားမှာ နေပြီး မရမှာ စိုးနေတဲ့ ဝူဟောက်လေး ကို နောက်ထပ် အိတ် တစ်အိတ် ယူပြီး ထုတ်ပြလိုက်သည်။

' ဟာ ... လက်အိတ်လေးပါ ပါတယ်။ ဘိုးဘိုး နဲ့ ပါပါး တို့ မပါဘူး။'

' ဝူဟောက်လေး အတွက်က အကုန်ပါတယ်။ ဦးထုပ်ရော ၊ မာဖလာလေးရောပဲ။'

' ယေး ...။ တား အများကြီး ရတယ်။'

ဝမ် အဖိုး အပြာနုရောင် ဆွယ်တာ ကိုင်ပြီး ရိပေါ်ရဲ့ ကိုယ်မှာ တိုင်းကြည့်နေတဲ့ ရှောင်းလေး နဲ့ သူ့ဘေးနားမှာ ဝူဟောက်လေး က သူ့ပစ္စည်းလေး ကိုင်ကြည့်နေရင်း ပျော်နေတာကို ပြုံးကြည့်နေတဲ့ ရှောင် အဖွားကို ကြည့်လိုက်ပြီး ...

Even Replace ( Completed )Where stories live. Discover now