Xiao Jewellery ....
' Morning ....'
' Morning လန်ဟွား ကျဲ ...'
လန်ဟွား ဒီနေ့တော့ ဘာမှန်းမသိ စိတ်ပျော်နေပါတယ်။ လမ်းမှာ ပန်းသည်တွေလို့ ဝယ်လာတဲ့ ပန်းတွေကို ဆိုင်ရှေ့ရော သူတို့ရုံးခန်းထဲမှာပါ ပန်းအိုး ထိုးထားလိုက်သည်။
' လန်ဟွား ကျဲ ... ဒီနေ့ မျက်နှာ အရမ်းလန်းနေပါလား။ ဘာတွေ ပျော်စရာ ရှိနေတာလဲ။'
လန်ဟွား ဆိုင်ရှေ့မှာ ပန်းအိုး ထိုးထားတာ လာတင်ရင်း မေးလာတဲ့ အရောင်း ဝန်ထမ်း ကောင်မလေးကို ပြုံးပြလိုက်ပြီး ....
' မနေ့ည အိပ်မက်တွေ ကောင်းလို့ပါ။ အဟင်း ... ကျဲ အိပ်မက် မက်ရင် မှန်တတ်တယ်လေ။ ပြီးတော့ အိပ်မက်က မိုးလင်းခါနီး ဆိုတော့ ပိုပျော်နေတာ။'
ကောင်မလေး လန်ဟွား စကားကို နားမလည်တာကြောင့် စဉ်းစားသလို လုပ်ပြီး ...
' မနက် မိုးလင်းခါနီး မက်ရင် ဘာဖြစ်လို့လဲ။'
' အဲ့လိုဆို အဲ့ဒီအိပ်မက်က အပြင်မှာလည်း အမှန်တကယ် ဖြစ်လာတတ်တယ်တဲ့။ ရှေးလူကြီးတွေ ပြောထားတာ။'
' ဪ ... ကျဲက ဘာအိပ်မက် မက်တာ မို့လို့လဲ။'
' အဟင်း ... ဘာမှတော့ မဟုတ်ဘူး။ The Untamed ထဲက ဇာတ်ဆောင် မင်းသား နှစ်ယောက်လေ။ သူတို့ကို အပြင်မှာလည်း Ship နေကြတာမလား။ ကျဲလည်း သူတို့ကို Ship နေတဲ့ထဲက တစ်ယောက်ပါတယ်။ အဲ့ဒါ မနေ့ည သူတို့အကြောင်းလည်း မပြောဖြစ်ပဲနဲ့ သူတို့နှစ်ယောက် လက်ထပ်လိုက်ကြပြီလို့ အိပ်မက် မက်တာ။'
' ဟယ် ... ကျဲလည်း သူတို့ကို ship တာလား။ ညီမလည်း သူတို့ကို ship နေတာ။ ကျဲ အိပ်မက် မက်သလို ဖြစ်ရင် ပျော်စရာကြီး အဟီး ....'
လန်ဟွား သူပျော်သလို ပျော်နေတဲ့ ကောင်မလေးကို ကြည့်ပြီး ဒီကောင်မလေးလည်း သူ့လို ယောကျာ်းလေး စုံတွဲတွေ လိုက်ပေးစားရင်းနဲ့ ရည်းစား မရှိဘူးလို့ အခိုင်အမာ တွေးလိုက်သည်။
ထိုစဉ် ... ဆိုင်ရှေ့မှာ ကား တစ်စီး လာရပ်နေသလို မျက်ဝန်းထောင့်က အရိပ်တွေ့လိုက်တာကြောင့် ကြည့်လိုက်တော့ ကားပေါ်က ဆင်းလာတဲ့ သူက ကျင်းပေါင် ဖြစ်နေတယ်။ ကျင်းပေါင် ဆိုင်ဝင်ပေါက်ဘက် လျှောက်လာတော့ ကားမှန်တံခါးလည်း လျောချသွားတာကြောင့် ကား မောင်းတဲ့နေရာက လူကို သေသေချာချာ မြင်လိုက်ရသည်။

YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12