China Beijing.... စနေနေ့ .... ည ၉ နာရီ
' ဒူ ... ဒူ ... ဒူ ...'
' ရိပေါ် ဖုန်း ယူပေးအုံး။ သားသား ဆက်လာတာလား မသိဘူး။'
ရိပေါ် အိပ်ယာပေါ်မှာ မျက်နှာကပ်တဲ့ mask ကပ်ထားရင်း လဲနေတဲ့ ရှောင်း ကို တစ်ချက်ကြည့်ပြီး မှန်တင်ခုံပေါ်က ဖုန်း ကို သွားယူတော့ အဖိုး ရဲ့ ဖုန်းနံပတ် မဟုတ်ပဲ တရုတ်က ရိုးရိုး လိုင်းဖုန်း ဖြစ်နေတာကြောင့် ရှောင်း ကို မပေးတော့ပဲ သူပဲ ကိုင်လိုက်သည်။
' ဟလို ...'
ရှောင်းကျန့် လဲ နေရင်း သူ့ဆီ ဖုန်း ရောက်မလာပဲ ရိပေါ်ရဲ့ ဟလို ထူးသံ ကြားလိုက်ရတာကြောင့် မျက်နှာကပ်ထားတာကို ခွါပြီး ထ ထိုင်လိုက်သည်။
' လိန်ဖုန်း ????.'
ရိပေါ် လိန်ဖုန်းမှန်း သိတာနဲ့ ရှောင်း အနား ပြန်လာပြီး ဖုန်းက စပီကာ ပါ ဖွင့်လိုက်သည်။
' အေး ... ခုချိန်ကြီး ဖုန်းဆက်ရတာ မင်းတို့ကို အားတော့ နာပါတယ်။ ငါတို့ အခု ပေကျင်း ရောက်နေပြီ။'
' အမ် !!!! မနက်ဖြန် နေ့ခင်းပိုင်းမှ ရောက်မှာ မဟုတ်ဘူးလား။'
ရှောင်းကျန့် လိန်ဖုန်းကို ပြောပြီး သူ့ဘာသာ နယူးယောခ့် နဲ့ ပေကျင်း အချိန် ကွာတာကို ပြန်တွက်ကြည့်လိုက်သည်။
' အေး ... အခုတော့ ရောက်နေပြီ။ အဲ့ဒါ မင်းတို့ကို ဖုန်းဆက်ပြောတာ။ လာလို့ အဆင်မပြေရင် ငါတို့ ဟိုတယ်ပဲ သွားတည်းလိုက်မယ်။ မနက်ဖြန်မှ တွေ့ကြတာပေါ့။'
' အာ ... အခုမှ ၉ နာရီပဲ ရှိသေးတာ။ လာမယ်။ ငါနဲ့ ရိပေါ် ထွက်ခဲ့မယ်။ ခဏတော့ စောင့် ...'
' အင်း ဒါဆို ငါတို့ လေဆိပ်ထဲက မုန့်ဆိုင်မှာ သွားထိုင်ပြီး စောင့်လိုက်မယ်။'
' အင်း ...။ ငါတို့ အခုပဲ ထွက်လာမယ်။'
ရှောင်းကျန့် ဖုန်းချပြီး ရိပေါ်ကို လှည့်ကြည့်တော့ အိပ်ယာထဲမှာ ခြေဆန့်ပြီး ခြေထောက် တစ်ဖက်နဲ့ တစ်ဖက်ပေါ် ထပ်ရင်း လဲနေတာ တွေ့တာကြောင့် ရိပေါ်က မလိုက်ဘူးလားလို့ စိတ်ထဲလည်း တွေးမိသွားသည်။
' ရိပေါ် မလိုက်ဘူးလား။'
' မလိုက်ဘူး။ မင်းလည်း မသွားနဲ့။ မနက်မှ သွားတွေ့လည်း ရတာပဲ။ သူက ချက်ချင်း ထ ပြန်မှာမှ မဟုတ်တာ။'
YOU ARE READING
Even Replace ( Completed )
Fiksi Penggemarသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12