' ဪ ... သူငယ်ချင်းကို ခေါ်လိုက်တာလား။
ကလေး အနှီးကော ရလာခဲ့လား။'
ရှောင်းကျန့် ဆရာမ ပြောမှ ရိပေါ်ရဲ့ လက်ထဲက အထုပ်တွေကို ဆွဲယူပြီး ပေးလိုက်သည်။
ရိပေါ် အခန်းထဲ ရောက်တဲ့ ထိ ဘာမှ နားမလည်သေးပါ။ ရှောင်း သူ့လက်ထဲက အထုပ်ကို ဆရာမ ကို ပေးပြီး ဆရာနောက် လိုက်သွားတဲ့ ကုတင်နားကို သူ ပါ လိုက်သွားတော့ ပါးကြီးက ပေါက်စီလို ဖောင်းကားနေပြီး လှုပ်တုပ် လှုပ်တုပ် နဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
' ရှောင်း ... ဘာတွေ ဖြစ်နေတာလဲ။ ငါ့ကိုလည်း ရှင်းပြအုံး။'
' ရိပေါ် ငါ ပြီးမှ ရှင်းပြမယ်။ အခု ကလေးက အအေးပတ်ပြီး ဖျားနေတာ။ ကလေးကို အရင် ကြည့်ရမယ်။'
' မောင်လေးက ခုန ဖုန်းပြောကတည်းက သူငယ်ချင်းကို မပြောပြထားဘူးလား။'
ရိပေါ် သူ နဲ့ ရှောင်းကို သူငယ်ချင်းလို့ ပြော ပြော နေတဲ့ ဆရာမကို ကြည့်မရ ဖြစ်လာသည်။
' သူ နဲ့ ကျနော် လက်ထပ်ထားကြတာ။ သူငယ်ချင်း မဟုတ်ဘူး။'
' ဟင် !!!!.'
ရှောင်းကျန့် ရိပေါ် ရဲ့ စကားကြားပြီး ကလေး အနှီး လဲပေးနေရင်း တန်းလန်း ရပ်သွားတဲ့ ဆရာမကြောင့် ကလေး အနှီးကို လာကိုင်လိုက်ပြီး ...
' ဆရာမ ကလေး အအေး ထပ်ပတ်တော့မယ်။ အရင် ပြီးအောင် လုပ်ပါအုံး။'
' ဟင် ... အင်း။'
ဆရာမလည်း ကလေးကို လုပ်ပေးရင်း သိချင်စိတ်ကလည်း ထိန်းမရတော့ ထပ်မေးလိုက်သည်။
' မောင်လေး တို့က တကယ်ပဲ လက်ထပ်ထားကြတာလား။'
' ဟုတ်ပါတယ်ဆို။ လက်ထပ် စာချုပ်ပါ ယူလာပြရမှာလား။'
' ရိပေါ် !!!!.'
ရှောင်းကျန့် သူများက ထူးဆန်းလို့ မသိလို့ မေးတာကို စိတ်မရှည်ပြနေတဲ့ ရိပေါ်ကြောင့် ဆရာမကို အားနာသွားရပြီး ရိပေါ်ကို တားလိုက်သည်။
' ဟို ... ယောကျာ်းလေးချင်း လက်ထပ်လို့ ရတာ ခုမှ ကြားဖူးလို့ပါ။ ဆောရီးနော် ။ ဆရာမလည်း စပ်စုသလို ဖြစ်သွားတယ်။'

YOU ARE READING
Even Replace ( Completed )
Fanficသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12