Ep - 11

3.9K 198 2
                                    

သာယာတဲ့ မနက်ခင်းလေး တစ်ခုတွင် ....

အိမ်ပုံစံတွေ တူပြီး ကိုယ့် အိမ်ပိုင်မှန်း သိသာအောင် တစ်အိမ်နဲ့ တစ်အိမ် ခြံစည်းရိုး အပုလေးနဲ့ ခြားထားတဲ့ ရပ်ကွက်တစ်ခုရဲ့ နှစ်ထပ်အိမ် တစ်အိမ် အရှေ့တွင်တော့ မြို့တွင်း လို့ ရေးထားတဲ့ Taxi နှစ်စီး ရှေ့ဆင့် နောက်ဆင့် ရောက်ချလာပါတယ်။

အဲ့ဒီ ကားနှစ်စီးပေါ်ကနေ ကားတံခါး ဖွင့်ဆင်းလာတဲ့ အချိန်မှာတော့ ...

' ခင်ဗျား !!!!!.'

' မင်း !!!!!.'

' ခင်ဗျား ဘာလာလုပ်တာလဲ။ တမင် ကျနော့်နောက်ကနေ လိုက်လာတာလား။'

' မင်း နောက်ကို ဘာကိစ္စ လိုက်ရမှာလဲ။ ဒီလောက် ကိစ္စကတော့ ငါ့အတွက် အလွယ်လေးပါ။'

သူ့ထက် နည်းနည်း အသက်ကြီးပုံရတဲ့ လူရဲ့ အပြောကို လူငယ်လေးက ခနဲ့ပြုံး ပြုံးလိုက်ရင်း ...

' ဒါဆို ဘာလို့ အရင်ကတည်းက မလာတာလဲ။ ဘာလို့ ကျနော် လာတဲ့နေ့ လာတဲ့ အချိန်မှာမှ တိုက်ဆိုင်ရတာလဲ။'

' ဦးဦး နောက်ကို သားတို့ လိုက်လာတာ မဟုတ်ပါဘူး။ လေယာဉ်တူပြီး အချိန်ပါ တူသွားတာကတော့ ဦးဦး နဲ့ သားရဲ့ ပါပါးက ရေစက်ကောင်း ရှိလို့ နေမှာပေါ့။'

လိန်ဖုန်း ခုမှ သူ့ကို တွေ့တိုင်းဖဲ့တဲ့ လက်တောက်လောက်လေးကို တွေ့တာ ဖြစ်သည်။

' မင်း လည်း ပါလာတာလား။'

' ကိုယ့်ကလေးဆိုမှတော့ ကိုယ် ဘယ်သွားသွား ပါရမှာပေါ့။'

လိန်ဖုန်း ဘာပစ္စည်းမှ အများကြီး မပါလာတဲ့ ဟိုသားအဖ ကို ကြည့်ပြီး သူကျတော့ ဒီကနေ သင်္ဘော ပြန်တက်ဖို့ သွားရမှာ ဖြစ်တာကြောင့် လက်ဂေ့ တစ်လုံးနဲ့ ကျောမှာ လွယ်ထားတဲ့ အိတ်တစ်လုံးက ပါလိုက်သေးတယ်။

ပြီးတော့ ဒီကနေ အထဲက နှစ်ထပ်အိမ်ကို လှမ်းကြည့်လိုက်ပြီး သူ အရင် တံခါး သွားခေါက်ရဖို့က ရာခိုင်နှုန်း နည်းနေတယ်။

' ကဲ ... ဘာဖြစ်ဖြစ် ထားပါ။ အခုက ကျနော့်ကား အရင်ရောက်တာမို့လို့ အိမ်ထဲကို ကျနော် အရင် ဝင်မယ်။'

Even Replace ( Completed )Where stories live. Discover now