Ep - 41

1.7K 68 2
                                    

YiZhan House !!!!!!

' သားသား !!!!

ရိပေါ် !!!!! ထ ကြတော့။'

ရှောင်းကျန့် ခုထိ အိပ်နေသေးတဲ့ နှစ်ယောက်ကို နှိုးပြီး ကုတင်အောက် ကျနေတဲ့ သားသား ရဲ့ အရုပ် ဖက်လုံးကို အိပ်ယာပေါ် ယူတင်လိုက်သည်။

ကုတင်ပေါ်က နှစ်ယောက်ကို ထပ်ကြည့်တော့ ခုထိ တုပ်တုပ်မှ မလှုပ်လာသေးပါ။

' ဝမ်ဝူဟောက် နဲ့ ဝမ်ရိပေါ် !!!!!

ထ လို့ ကောင်းကောင်း ပြောနေတာ မရဘူးလား။'

' အာ ... ရှောင်း ကလည်း ဘယ်အချိန်ရှိသေးလို့လဲ။'

' ပါပါး ... သား ၅ မိနစ် ထပ်အိပ်အုံးမယ်။'

' ဘတ် !!!!.'

' အ ... ရှောင်း ... ဘာလို့ ဖင်ကို လာရိုက်တာလဲ။'

' ဝမ်ဝူဟောက် ... မ ထ သေးရင် မင်း အလှည့်ရောက်လာမှာနော်။'

ဝူဟောက် ... သူ့ကို သားသား လို့ မပြောတော့ပဲ မင်း လို့ ပြောလာတဲ့ ပါပါး ကြောင့် မျက်လုံးဖွင့်ပြီး အိပ်ယာထဲ ချက်ချင်း ထ ထိုင်လိုက်သည်။

ရိပေါ်လည်း ဖင် တစ်ခြမ်းပူပြီး နားရွက် နဲ့ ဗိုက်တွေ မပူလာခင် အမြန် ထ လိုက်သည်။

ရှောင်းကျန့် အိပ်ယာထဲမှာ အိပ်ချင်မူးတူးရုပ် ဖြစ်နေတဲ့ သားအဖ နှစ်ယောက်ကို ကြည့်ပြီး ...

' သားသား လာ ... ပါပါး ရေချိုးပေးမယ်။ ဒီနေ့ မူကြို ပထမဆုံး စ တက်ရမှာကို နောက်ကျလို့ မကောင်းဘူး။'

' ပါပါး ... လိုက်ပို့မှာမလား။'

ရှောင်းကျန့် ကုတင်ပေါ်က ဆင်းပြီး သူ့အနား လာနေတဲ့ သားသား ကို ခေါ်ပြီး ရေချိုးခန်းဘက် သွားရင်း သားသား ရဲ့ အမေးကို ဖြေလိုက်သည်။

' လိုက်ပို့မှာပေါ့။ ဖေဖေ လည်း လိုက်ပို့မှာ။ ကျောင်းသွားရင် သူငယ်ချင်းတွေလည်း အများကြီး ရအုံးမှာ။'

' ယေးးးး သား အရုပ်တွေလည်း ယူသွားမယ်။'

' မရဘူးထင်တယ်။ မူကြို ဆိုပေမယ့် သားသား တို့ကို ဆရာမက စာသင်ပေးမှာ။ အရုပ်တွေ ယူသွားလို့ မရလောက်ဘူး။ အိမ်ပြန်ရောက်မှ ဆော့ နော်။'

Even Replace ( Completed )Where stories live. Discover now