Ep - 23

2.6K 120 10
                                    

YiZhan ကား ဝပ်ရှော့တွင် ဒီနေ့တော့ သူတို့ရဲ့ ဆရာဝမ်ရိပေါ်ရဲ့ လိုင်းကား ဆွဲမယ့် ဂိတ် နဲ့ စားသောက်ဆိုင်  ဖွင့်ပွဲကြောင့် ပိတ်ရက် ရပါသည်။ ဒါပေမယ့် လူကတော့ မနားရပါ အကုန်လုံး အဲ့ဖွင့်ပွဲမှာ လိုက်ကူပေးရမယ်တဲ့။ ဆရာသမားကတော့ မနက် ထ ကတည်းက အရိပ်အယောင် မမြင်ရပါဘူး။

' လီမင် ကော ... ကျနော်တို့ ဘာတွေ ထပ်ယူရအုံးမလဲ။'

' ချထားတဲ့ ပစ္စည်းတွေ အကုန်တင်ပြီးပြီလား။'

' ဟုတ် အကုန် တင်ပြီးပြီ။ ကျနော်တို့ ဆရာ့ကို စောင့်အုံးမှာလား။'

' မစောင့်ဘူး။ ပြီးရင် သွားကြမယ်။'

' ဟုတ်။

ဟျောင့်တွေ ပြီးရင် သွားကြမယ်ဟေ့ ...'

~~~~~~~~~~

' တီး .......'

' ယွင်ရှင်း ... သွားကြည့်အုံး။ ရိပေါ် ထင်တယ်။ အရှေ့မှာပဲ စောင့်လို့ သွားပြောလိုက် ငါ ထွက်လာတော့မယ်လို့။'

' ဟုတ်ကဲ့။'

ရှောင်းကျန့် သားသား ကို ပုခက်ထဲ ထည့်လိုက်ပြီး မီးဖိုခန်းထဲက အန်တီယွမ် ဆီ သွားလိုက်သည်။

' အန်တီယွမ် ....'

' အေး ... ရှောင်းလေး သွားတော့မှာလား။'

' ဟုတ် သားသား ကို ပုခက်ထဲမှာ ထည့်သိပ်ထားတယ်။ ပြီးရင် အန်တီယွမ် သွားကြည့်ပေးအုံးနော်။'

' အေးပါ။ သား ရိပေါ် ရောက်ပြီလား။'

' ရောက်ပြီ ထင်တယ်။ အိမ်ရှေ့မှာ ကား သံ ကြားတယ်။'

' အင်း အင်း။ သွား သွား ...'

' ဟုတ် ... ဒါဆို သား သွားပြီ။'

ရှောင်းကျန့် ပုခက်ထဲက သားသား ရဲ့ နဖူးကို တစ်ချက်နမ်းပြီး ထွက်လာခဲ့လိုက်သည်။ သွားရမှာ နည်းနည်း ဝေးပြီး လူရှုပ်မှာ ဖြစ်တာကြောင့် သားသား ကို ခေါ်မသွားချင်ပါ။

ရိပေါ် ကားနောက်ကြည့်မှန်ထဲက သူ့ရုပ်သူ ပြန်ကြည့်ပြီး ပုံသွင်းထားတဲ့ ဆံပင် ကို တစ်ချက် နှစ်ချက် သပ်လိုက်သည်။ သူ့မှာ ဒီနေ့ ရှောင်းနဲ့အတူ ပွဲထုတ်ရမှာ ဆိုတော့ မနက်ကတည်းက ရေ ထ ချိုးပြီး ပြင်ဆင်ထားတာ ဖြစ်သည်။

Even Replace ( Completed )Where stories live. Discover now