ဆိတ်ငြိမ် ရပ်ကွက်ထဲတွင် ...
ရှောင်းကျန့် သူ့ကား ကို လမ်းထဲ ကွေ့ဝင်လာပြီး သူ့ခြံရှေ့ရောက်တော့ ခြံတံခါး ဘေးက ပန်းခြံနားမှာ အဝတ်အစား ခပ်နွမ်းနွမ်း နဲ့ လူ တစ်ယောက် ထိုင်နေတာ တွေ့လိုက်ရသည်။ ကား ကို ခြံတံခါး နားထိ တိုးရပ်တော့ အဲ့လူက တုန်ချိ တုန်ချိ ပါ ဖြစ်နေတယ်။
သူတို့ ရပ်ကွက် ထဲမှာ အခုလို လူအိုတွေ ဒုက္ခရောက်ပြီး ပိုက်ဆံ လိုက်တောင်းတတ် တဲ့ လူတွေ တစ်ခါမှ မလာဖူးပါဘူး။
ရှောင်းကျန့် နဂိုကတည်းက အားနာ တတ် သနား တတ် တဲ့ စိတ်ရှိတာကြောင့် ကား တံခါး ဖွင့်ဆင်းပြီး အနား ကို သွားလိုက်သည်။
' ဟို ... ဒီက !!!.'
အနား သွားကြည့်မှ ခေါင်းကို ခြုံထားတာကြောင့် ယောကျာ်းလား မိန်းမ လားလည်း မသိရ ၊ ဘယ်လို တပ်ခေါ်ရမှန်းလည်း မသိတာကြောင့် ဘာနာမ်စားမှ မသုံးပဲ ခေါ်လိုက်သည်။
' ဘာဖြစ်လို့လဲဟင် ... လမ်းမှားနေတာလား။ ဒါမှ မဟုတ် အသိအိမ် လိုက်ရှာတာလား။'
' အဟင့် ... ဟင့် ... ဟင့် ...'
ရှောင်းကျန့် သူ သွားမေးမှ ငိုသံ ထွက်လာတာကြောင့် ယောကျာ်းလေး ဖြစ်မှန်း သိလိုက်ရတယ်။
' မ ... မငို နဲ့လေ။ ဘယ်သူ့အိမ် လိုက်ရှာတာလဲ။ လိပ်စာ ပါလား။ ကျနော် ကူရှာပေးမယ်။ မငိုပါနဲ့။'
ရှောင်းကျန့် အဲ့လူမှာ အဝတ်အစား နွမ်းရုံက လွှဲပြီး ဘေးနားမှာလည်း ဘာလွယ်အိတ် ဘာ ခွက်မှ မပါတာကြောင့် သူတောင်းစား လို့ မထင်တော့ပဲ အသိအိမ် လိုက်ရှာတယ်လို့ပဲ တွေးလိုက်တော့သည်။
' သူ ... ကျနော့် ကို ဆင်းရဲလို့ သူငယ်ချင်း အဖြစ် မပေါင်းချင်ဘူးထင်တယ်။ ကျနော့် ကို အိမ်လိပ်စာ ပေးထားပြီး တကယ်တမ်း လာရှာတော့ သူ့ အိမ်ကို ရှာမတွေ့တော့ဘူး။'
' အဲ ...'
ရှောင်းကျန့် တွေဝေ သွားရသည်။ သူတို့ရပ်ကွက်က သူဌေး ရပ်ကွက် ဖြစ်တာကြောင့် ကိုယ်ပိုင်ခြံ ကိုယ်ပိုင်အိမ်တွေ နဲ့ ပဲ ဖြစ်သည်။ ပြီးတော့ ဒီလို ရပ်ကွက်ထဲက သူဌေးက ဘယ်လိုလုပ် ဒီလောက် နွမ်းပါး တဲ့ လူ နဲ့ သူငယ်ချင်း ဖြစ်နိုင်မှာလဲ။ ဒီလူက ခုတလော ရေပန်းစားနေတဲ့ လူလိမ် အဖွဲ့တွေများ ဖြစ်နေမလား။
![](https://img.wattpad.com/cover/314400615-288-k11912.jpg)
YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12