Ep - 15

4.4K 160 2
                                    

' ဘာလဲ ... သူ ဘာဖြစ်သွားတာလဲ။ ငါက ပြန်မဖြေတာနဲ့ပဲ သူက ပြန်စိတ်ဆိုးသွားတာလား။'

ရှောင်းကျန့် သူ တစ်ဖက်လှည့်နေတုန်း ဝုန်းခနဲ အပြင် ပြန်ထွက်သွားတဲ့ ရိပေါ် ရဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ အခန်းထဲမှာ မရှိတော့ပါ။

' ဟွန့် ... ဝမ်ရိပေါ် အစုတ်ပလုတ် !!!!

အဲ ... နေအုံး။ ငါ့ဖုန်းကို သူ ဘယ်နား ထား ထားတာလဲ။'

ရှောင်းကျန့် သူ့လက်က ဆေးထိုးအပ်ကို ဖြုတ်ပြီး ကုတင်ပေါ်က ဆင်းပြီး အခန်းထဲကို ရှာကြည့်လိုက်သည်။

ရှောင်းကျန့် အခန်း တစ်ခုလုံး ရှာပေမယ့် ရှာလို့ မတွေ့တာကြောင့် ဗီဒိုနားက မလျှော်ရသေးတဲ့ အဝတ်တွေ ထည့်ထားတဲ့ ခြင်းဆီ အကြည့်ရောက်သွားတယ်။ အဲ့ထဲမှာ မနက်က သူနဲ့တွေ့တုန်းက ရိပေါ် ဝတ်ထားတဲ့ အဝတ်တွေ ရှိနေတာဆိုတော့ သူ့ဖုန်းလည်း အဲ့အဝတ်ထဲမှာ ရှိနေလောက်တယ်။

ရှောင်းကျန့် ခြင်းထဲ မွှေနှောက်ရှာတော့ တကယ်ပဲ ရှာတွေ့ခဲ့တယ်။

' ဝမ်ရိပေါ်ကြီး ငါ့ရဲ့ စျေးကြီးပေးဝယ်ထားရတဲ့ ဖုန်းကို သူ့ရဲ့ ညစ်ပတ်တဲ့ အဝတ်ထဲ လာထည့်ထားတယ်။'

ရှောင်းကျန့် သူ့ဖုန်းကို ဖွင့်ကြည့်တော့ ရိဖုန်း ရော အန်တီယွမ် ဆိုတဲ့ နာမည်ရော miss call တွေ တန်းစီ နေပါတယ်။

ရှောင်းကျန့် အခန်းထဲမှာ ထိုင်ခုံလေး တစ်လုံးတောင် ရှာမတွေ့တာကြောင့် ကုတင်မှာပဲ ပြန်သွားထိုင်ပြီး ဖုန်းပြန်ဆက်ဖို့ လုပ်ရတယ်။ လူက ခုမှ ဆေးသွင်းထားရလို့လား မသိဘူး ခေါင်းက မကြည်သေးဘူး မူးနောက်နောက် ဖြစ်ချင်နေတုန်း။

ရိဖုန်းကို အရင်ပြန်ဆက်တော့ တန်းကိုင်တယ်။

' အေး ... ရိဖုန်း ငါ ခုမှ ဖုန်း ကြည့်မိလို့။'

' သိတယ်။ ငါလည်း မင်း အိပ်နေမယ် ထင်လို့ ထပ်မဆက်တော့တာ။'

ရှောင်းကျန့် ရိဖုန်းရဲ့ စကားကြောင့် စိတ်ထဲတွင်တော့ ... အေး ဟုတ်တယ်။ အိပ်တော့ အိပ်နေတာ။ ဒါပေမယ့် ငါ့အိမ်မှာတော့ မဟုတ်ဘူးလို့။

' အေး ... အအိပ်ကောင်းလို့ ခု ခေါင်းကိုက်ပြီး နေမကောင်းချင်သလို ဖြစ်နေတာ။ အဲ့ဒါ ငါတို့ ဒီနေ့ ညနေ တွေ့ဖို့ ပြောထားတာ ငါ လာလို့ မရလောက်တော့ဘူး။'

Even Replace ( Completed )Where stories live. Discover now