Ep - 29

2K 92 2
                                    

စီစဉ် ထားတဲ့ အတိုင်း မြို့ထဲက ဂိုဒေါင် အဟောင်းထဲ တွင် လူ တစ်ယောက်ကို ခေါင်းစွပ် အနက် စွပ်ပေးထားပြီး ကျန် လူ ၃ ယောက်က အနားမှာ ရပ်ကြည့်နေကြပါသည်။

' သူ့ ခေါင်းစွပ် ချွတ်ပေးလိုက်။'

ရှောင်းကျန့် သူ့ခေါင်းကို စွပ်ထားတာ ချွတ်လိုက်တော့မှ သူ့ ရှေ့မှာ မျက်နှာတစ်ခုလုံး မျက်လုံး နှစ်လုံးပဲ ဖော်ထားပြီး ခေါင်းစွပ် အနက် စွပ်ထားတဲ့ လူ ၃ ယောက်ကို တွေ့လိုက်သည်။

ချီးကောင်တွေ ... သူတို့ မျက်နှာလည်း မပြပဲနဲ့ ဘာကိစ္စ ငါ့ကို ခေါင်းစွပ်ပြီး ခေါ်လာကြသေးတာလဲ။

ရှောင်းကျန့် ကြောက်စိတ်ကို ဖုံးလိုက်ပြီး ဟိုကောင်တွေကို မထီမဲ့မြင် မျက်နှာနဲ့ ကြည့်လိုက်ပြီး ...

' မင်းတို့ ဘာလို့ ငါ့ကို ဖမ်းလာတာလဲ။ ငါ့ကို သိလို့လား။'

' ငါတို့ မသိဘူး။ ဒါပေမယ့် ငါတို့ကို ခိုင်းတဲ့ လူကတော့ သိတယ်။ ပြီးတော့ မင်းကို မျက်မုန်းကျိူးနေတာ ထင်တယ်။ အခုလည်း မင်းကို ဖမ်းခိုင်းပြီး မင်း သိက္ခာကျမယ့် video ရိုက်ပြီး သူ့ကို ပို့ပေးရမယ်လို့ မှာထားတယ်။'

ရှောင်းကျန့် သူ သိက္ခာကျမယ့် အလုပ် ဆိုတော့ မဖွယ်မရာ လုပ်ဖို့ပဲ ရှိတာကြောင့် ခုမှ ကြောက်စိတ်တွေ ဝင်လာပါသည်။ ဒါ ဘယ်နေရာကြီးလဲ ... ရိပေါ် သူ့ကို အချိန်မီ ရှာတွေ့နိုင်ပါ့မလား။

* ရိပေါ် ... ငါ ကြောက်တယ်။*

' မင်းတို့ကို ခိုင်းတဲ့ လူနဲ့ စကားပြောချင်တယ်။ ငါနဲ့ ဘာရန်ငြိုးရှိလဲတောင် မသိရပဲနဲ့တော့ တစ်ဖက်သတ် လုပ်ကြံ မခံနိုင်ဘူး။'

ခုန စကားပြောတဲ့လူ ရှောင်းကျန့် စကားကြောင့် တွေဝေ သွားပြီး သူ့လူ နှစ်ယောက်ဘက်ကို လှည့်ကြည့်လိုက်သည်။ ဘာလုပ်ရမလဲ ဆိုတဲ့ မျက်လုံး အကြည့်နဲ့ပေါ့။

' ခေါ်ပေးလိုက်။ သူပြောတာလည်း ဟုတ်တာပဲ။ ဘုမသိ ဘမသိ ၊ ဘယ်သူ လုပ်ကြံတာမှန်း မသိပဲနဲ့တော့ ဘယ်ခံချင်မလဲ။'

' ဒူ ... ဒူ ... ဒူ ...'

ရှောင်းကျန့် ဖုန်းခေါ်ပြီး သူ့ရှေ့မှာ လာပေးတဲ့ လူကြောင့် ဒီလူတွေ တကယ် လူဆိုးတွေ မဟုတ်နိုင်ဘူး ဆိုတာ တွေးမိလိုက်သည်။ အခုလည်း သူ ပြောတာကို လုပ်သင့်လား မလုပ်သင့်ဘူးလားလဲ မစဉ်းစားပဲ သူ ဖုန်းခေါ်ခိုင်းတာကို ခေါ်ပေးတယ်။

Even Replace ( Completed )Where stories live. Discover now