Ep - 38

1.9K 61 10
                                    

"Atom IT & Technology Company ..."

' ဘေဘီ ... ဘာကိစ္စလဲ။ အခု မင်း ကျောင်းချိန်ပဲ ရှိသေးတာ မဟုတ်ဘူးလား။'

' ဒီနေ့ အတန်းချိန် မရှိတော့လို့ပါ။ ကျောင်းမှာလည်း မနေချင်တော့လို့။ အဲ့ဒါကြောင့် ပါပါး ဆီ လာခဲ့တာ။'

' ဒါဆို ညနေကျ ကျနော်တို့ မိသားစု ၃ ယောက် အပြင်မှာ ညစာ စားပြီးမှပဲ ပြန်ကြမယ်လေ။'

' ကောင်းတယ်။ ကျနော်တို့ ဘယ်ဆိုင်သွားမလဲ။ ကလပ် သွားရင်ရော ...'

နီယွန် သူ့အနား ရောက်လာပြီး ပြောလာတဲ့ ကျင်းရှင်းရဲ့ စကားကြောင့် မျက်လုံးတွေ တောက်သွားပါတယ်။

' ဘာ ကလပ်တွေ လာပြောနေတာလဲ။ မင်းက ကျောင်းသားပဲ ရှိသေးတာနော်။'

ကျင်းရှင်း သူနဲ့ ပါပါးလေး ပြောနေကြတာကို ဝင်ပြောလာတဲ့ ပါပါးရဲ့ စကားကြောင့် နှုတ်ခမ်း စူ လိုက်ပြီး ...

' ပါပါးကလည်း ကျနော်က ကျောင်းသားပေမယ့် ဆေးကျောင်းသားပါ။ ပြီးတော့ ရိုးရိုး ဆေးကျောင်းသား မဟုတ်ဘူးနော်။ စာတော်တဲ့ ဆေးကျောင်းသား။ ကလပ် တစ်ခါ တစ်လေ သွားတက်တာ ဘာမှ မဖြစ်ပါဘူး။ ပြီးတော့ ပါပါး တို့နဲ့ သွားတာပဲ။'

' ဟုတ်သားပဲ ကိုကြီးကလည်း ... ကျနော်တို့ ကလပ် မတက်တာဖြင့် ဘယ်လောက်တောင် ကြာနေပြီလဲ။ ကျင်းရှင်းလည်း ၂ နှစ်လောက် အဆောင် သွားနေခဲ့ပြီးပြီလေ။ အခု တက္ကသိုလ် ရောက်နေပြီ။ သူ လွတ်လပ်ပါစေ။'

' ပါပါးလေး ပဲ ပြောလိုက်တော့ ...'

နီယွန် သူ့ခုံမှာ ထိုင်နေရင်းကနေ ကိုကြီးရဲ့ ခုံဆီ လျှောက်သွားလိုက်ပြီး ဆုံလည်မှာ ထိုင်နေတဲ့ ကိုကြီးရဲ့ ပေါင်ပေါ်ကို သွားထိုင်ပြီး ပြောလိုက်သည်။

' နော် ... ကိုကြီးနော် ... သွားရအောင်။'

မော့ကွေ သူ့ပေါင်ပေါ် တက်ထိုင်ပြီး ချွဲတဲ့ အသံနဲ့ ပြောလာတဲ့ နီယွန် ရဲ့ ခါးကို ဖက်လိုက်ပြီး ပေါ်နေတဲ့ လက်မောင်းသားကို တစ်ချက်နမ်းလိုက်သည်။

' သဘော ... သဘော။ ဒါပေမယ့် နှစ်ယောက်လုံး ကိုယ့်အနားမှာပဲ နေရမှာနော်။'

Even Replace ( Completed )Where stories live. Discover now