Ep - 31

2K 92 3
                                    

ပေကျင်း တရားရုံးရှေ့တွင် ...

' ကဲ ... လာ လာ အမှတ်တရ ဓာတ်ပုံ ရိုက်ကြမယ်။'

ရှိတာမှ လူလေး ၆ ယောက် ဓာတ်ပုံရိုက်မယ်ဆိုတာနဲ့ နေရာ မရဖြစ်သွားကြသည်။ အဲ့ထဲမှာ အဆိုးဆုံးက လိန်ဖုန်းပါ။ သူက ရိဖုန်း နဲ့ ရှောင်းကျန့် ကို မကြည်နေတာကြောင့် သူများ မင်္ဂလာယူတဲ့ နေ့မှာ မျက်နှာက ထမင်း ခုနှစ်ရက် လောက် မစားထားရတဲ့ ရုပ်နဲ့ ဘေးထွက်ရပ်နေပါတယ်။

' လိန်ဖုန်း ... မင်းကလည်း ဝင်ပါဟ။ ငါ့ မင်္ဂလာနေ့ကြီးမှာ အကုသိုလ် ဖြစ်အောင် မလုပ်ပါနဲ့။'

' အေးလေ။ လာ ... မင်းနဲ့ လန်ဟွား ကျင်းပေါင် ဘေးမှာ လာရပ်လိုက်။ ငါ ၊ ရိပေါ် ရယ် သားသား က ရိဖုန်းနားမှာ ရပ်လိုက်မယ်။'

လိန်ဖုန်း ရှောင်း ရဲ့ စကားကြောင့် မျက်ခုံးတွေ စုကြုံ့သွားသည်။ ဝမ်ရိပေါ်နဲ့ ပြန်ပေါင်းထုပ်တာ ရစ်ရတာ မပြီးသေးဘူး။ ကလေးတစ်ကောင်ပါ ထပ်မွေးစားထားတယ် ဆိုတဲ့ ကိစ္စပါ ထပ်တိုးလာသေးတယ်။ ပြီးတော့ အဲ့ကလေးက ဘာလို့ ပါးကြီး ပေါက်ထွက်တော့မလို ဖောင်းကားနေရတာလဲ။ ချစ်စရာ မကောင်းလိုက်တာ။

' ဟူလိန်ဖုန်း !!! မင်း တစ်နေရာရာ မှာ ဝင်လိုက်တော့။ ငါ့ကလေး နေပူနေပြီ။'

လိန်ဖုန်း သူ့မျိုးရိုး နာမည်ပါ ခေါ်လာတဲ့ ဝမ်ရိပေါ်ကြောင့် နေကာမျက်မှန်အောက်ကနေ မျက်စောင်းထိုးပစ်လိုက်ပြီး ယောကျာ်းလေးတွေထဲမှာ ကွက်ပု နေတဲ့ လန်ဟွား ဆိုတဲ့ တစ်ယောက်နားမှာ သွားရပ်လိုက်သည်။

ရိဖုန်း ရပ်နေတဲ့ လူတွေ အကုန်လုံးကို တစ်ချက်ကြည့်လိုက်ပြီး ...

' ကဲ ... ဓာတ်ပုံ ဆရာ ရိုက်လို့ ရပြီ။ များများ ရိုက်ထားပေးပါ။ အဲ့ထဲကမှ အဆင်ပြေတဲ့ ပုံ ရွေးယူလိုက်မယ်။'

' ဟုတ်ကဲ့။'

' ရိုက်မယ် ... 1 2 3 !!!.'

ဖျပ်

ဖျပ်

ဖျပ်

' ရော့ ... ကျနော့် ဖုန်းနဲ့လည်း ထပ်ရိုက်ပေးပါ။'

လိန်ဖုန်း ဓာတ်ပုံဆရာ ခေါ်ရိုက်တာ မပြီးပဲ သူ့ဖုန်းကို ထပ်ပေးပြီး ရိုက်ခိုင်းပြန်တဲ့ ရိဖုန်း ကို အမြင်ကပ်လာတယ်။ မနက်ကလည်း တရားရုံးထဲမှာ သူတို့ကို အမှတ်တရ ဖြစ်အောင် ရိုက်ပေးဆိုလို့ နေရာစုံ ရှုထောင့်ပေါင်းစုံမှာ ရိုက်ပေးရပြီးပြီ။

Even Replace ( Completed )Where stories live. Discover now