Ep - 39

1.8K 68 4
                                    

December 31 ရက်နေ့ ...

' ရှောင်း ... ဒီနေ့ ကျင်းပေါင် တို့ကိုပါ မခေါ်ဘူးလား။'

' မလာနိုင်ဘူးတဲ့။ ကလေး နှစ်ယောက် မွေးစားလိုက်တာ ယားလို့တောင် မကုတ်အားတော့ဘူးတဲ့လေ။'

' သူ့ ယောကျာ်းနဲ့ ယောက္ခမ ရှိတာပဲ မဟုတ်ဘူးလား။'

' ဪ .... နင်ကလည်း ရိဖုန်းကလည်း ငါ့သူငယ်ချင်းပဲလေ။ ကျင်းပေါင် လာရင် အဲ့ကောင်လား အိမ်မှာ ကလေးထိန်းကျန်ခဲ့မှာ။'

' အေး ... ဟုတ်သား။ မေ့သွားတာ။'

' မလာလည်း ကောင်းပါတယ်။ သူတို့ကလေးက ငယ်သေးတယ်လေ။'

' အင်း ... ဒါဆို အခု ငါ ကောင်မလေးတွေကို ခေါ်လိုက်ရတော့မလား။ နင် အကုန် ပြင်ဆင်ထားပြီးပြီမလား။'

' ခေါ်လိုက်လေ။'

ရှောင်းကျန့် လန်ဟွား အပြင် ထွက်သွားတာနဲ့ အဖြူရောင် စာအိတ်တွေကို ပြန်စီနေလိုက်သည်။

ထိုစဉ် ရုံးခန်း တံခါး ပွင့်သွားပြီး သားသား ကိုချီပြီး ဝင်လာတဲ့ ရိပေါ် ကို တွေ့လိုက်ရတယ်။ နှစ်ယောက်လုံး ရှိုးအပြည့်နဲ့။

' ပါပါး ... ပြီးသေးဘူးလား။'

' ပြီးသေးဘူးလေ။ ခုမှ တီတီ ဟွား က မမ တို့ကို သွားခေါ်နေတာ။'

' ဒါဆို ... ငါ သားသား ကို ခေါ်ပြီး ဝပ်ရှော့ဘက်မှာ သွားစောင့်လိုက်မယ်။ ကားတော့ မင်းပဲ ယူလာလိုက်လေ။'

' အင်း။ ခေါ်သွားလိုက်။ ငါ ပြီးရင် ပစ္စည်းတွေ ယူပြီး လိုက်လာခဲ့မယ်။'

' လာ ... ဖေဖေ တို့ အောက်မှာ သွားစောင့်နေမယ်။'

ရိပေါ် သားသား ကို ခေါ်ပြီး ရုံးခန်းထဲက ထွက်လာတော့ အောက်ကနေ တက်လာတဲ့ လန်ဟွား နဲ့ ဆိုင်က ကောင်မလေးတွေကို တွေ့လိုက်ရသည်။

လန်ဟွား ပြန်တက်လာတော့ ဝမ်ရိပေါ် တို့ သားအဖ နဲ့ တိုးတာကြောင့် ဆံပင်ကို ဘေးမှာ သပ်သပ်ရပ်ရပ် ဖြီးတင်ထားပြီး အဝတ်အစား အသစ်တွေ ဝတ်ထားတဲ့ ဝူဟောက်လေးက ချစ်ဖို့ကောင်းနေတာကြောင့် စကား စ လိုက်သည်။

' အမယ် ... ဝူဟောက် တို့ ဒီနေ့ င်္အကျီအသစ်တွေ ဝတ်ထားလို့ပါလား။'

Even Replace ( Completed )Where stories live. Discover now