Ep - 7

3.7K 210 3
                                    

ချစ်ခြင်းပြည့်စုံ စံအိမ် တွင်တော့ ဒီညဟာ အရင် ည တွေထက် လူသူ မနေသည့်အလား ပိုပြီး တိတ်ဆိတ် နေပါတယ်။ စံအိမ်မှာ မီးရောင် မှိန်မှိန်လေးပဲ ရှိနေသည့် အခန်းထဲတွင် အချစ်ကြောင့် ခါးသက်စွာ ခံစားနေရတာကို ကုစားမယ် ဆိုပြီး အရက် သောက်ကြည့်လိုက်တဲ့ လူ တစ်ယောက်က​တော့ နဂို ဂရုစိုက်သူ မရှိတဲ့ အနေထားမှာ ပိုပြီး ရုပ်ပျက် ဆင်းပျက်နဲ့ အိပ်ယာထက်မှာ လူးလဲ နေပါတယ်။

' အဟင့် ... ဟင့် ... ရိပေါ် က ဘာလို့ ငါ့ကို နည်းနည်းမှတောင် သဘောမကျရတာလဲ။ ငါက သူ့ကို သူ့ကောင်လေးထက်တောင် အလေးပေး ဂရုစိုက်ပေးခဲ့တာ။ ငါ့ကို ဘာလို့ ... ဘာလို့ နည်းနည်းမှ မချစ်ရတာလဲ။ ဟန်ဆောင် လက်ထပ်ခဲ့ရင် ရှိနေတဲ့ သူငယ်ချင်း သံယောဇဉ်နဲ့ ရိပေါ် ချစ်လာလိမ့်မယ် ထင်ထားခဲ့တာ။ အခုတော့ ပြန်ပြီး ကွာရှင်း ရတော့မယ်။ ဟင့် ... ဟင့် ... ရိပေါ် ရက်စက်တယ်။'

' ဟုတ်လား ငါက ရက်စက်တယ်လား !!!!.'

' ဟင် !!!! ရိပေါ် လား ...'

ရှောင်းကျန့် နားထဲမှာ အေးစက်တဲ့ ရိပေါ် ရဲ့ အသံ ကြားလိုက်ရတာကြောင့် အမူးတောင် ပြေချင်ချင် ဖြစ်သွားပြီး ချက်ချင်း ထ ထိုင်လိုက်သည်။

'ဂျောက် !!!!.'

ရိပေါ် ညအိပ်ရင် မီးပိတ်ပြီး အိပ်တတ်တဲ့ ရှောင်းကျန့်ရဲ့ အခန်းမီးကို သွားဖွင့်ပစ်လိုက်တယ်။

' ရိပေါ် !!!.'

' ဟုတ်တယ်။ ငါ ...။ ဘာလဲ ဘာလို့ လန့်နေရတာလဲ။'

ရှောင်းကျန့် မီးလင်းလာမှ ရိပေါ်ရဲ့ အသံတင် အေးစက်တာ မဟုတ်ပဲ မျက်နှာက ပိုခက်ထန်ပြီး ကြောက်ဖို့ကောင်းနေတာ မြင်လိုက်ရသည်။

' ဘာ ... ဘာလုပ်မလို့လဲ။'

' ဟက် !!!! လက်ထပ်ပြီးရင် သူများတွေက ဘာလုပ်ကြတာလဲ။'

ရှောင်းကျန့် သူ့ကုတင်နား တိုးတိုးလာတဲ့ ရိပေါ်ကြောင့် ကုတင်းအစွန်းဘက် ရောက်အောင် တိုးသွားလိုက်သည်။

' ငါ ... ငါတို့က တကယ် လက်ထပ်တာမှ မဟုတ်တာ။ ဟန်ဆောင်တာ သက်သက်ပဲ။'

' မင်း ငါ့ကို လိုချင်လို့ ဟန်ဆောင် လက်ထပ်ဖို့ ပြောခဲ့တာ မဟုတ်ဘူးလား။ မင်း ငါ့ကို အရမ်းချစ်နေတာဆို။'

Even Replace ( Completed )Where stories live. Discover now