လူ ၃ ရပ်စာလောက် မြင့်ပြီး ကနုတ်ပန်း အလှတွေ အများကြီး တပ်ထားတဲ့ ခြံဝင်း တံခါး ဖွင့်သွားတာနဲ့ အထဲသို့ ခဲရောင် ကား တစ်စီး ဝင်သွားပါသည်။
' လာ ....'
ကျင်းပေါင် ရိဖုန်းရဲ့ အိမ် လိုက်လာပြီး ရောက်လာတော့မှ ကားပေါ်က မဆင်းရဲဘူး ဖြစ်သွားပါသည်။
ရိဖုန်း သူ ကားပေါ်က ဆင်းပြီး စောင့်နေပေမယ့် တစ်ဘက်မှာ ကျင်းပေါင်က ဆင်းမလတာတာကြောင့် ကား တစ်ဖက်ခြမ်းကို ပတ်သွားပြီး ကား တံခါး သွားဖွင့်လိုက်သည်။
' ဆင်းလေ။ ဘာလို့လဲ။'
' ရိဖုန်း ... ငါ့ကို အိမ်ပဲ ပြန်ပို့ပေးတော့။'
ရိဖုန်း ကျင်းပေါင် ကြောက်နေမှန်း သိလိုက်တော့မှ သူ ကိုယ်တိုင် ထိုင်ခုံ ခါးပတ် ဖြုတ်ပေးပြီး ကျင်းပေါင်ကို လက်ဆွဲပြီး ကားပေါ်က ဆင်းခိုင်းလိုက်သည်။
' ငါ တစ်ယောက်လုံး ရှိတာကို ဘာလို့ ကြောက်နေတာလဲ။ ပြီးတော့ ပါး နဲ့ မားက မင်းကို သဘောကျကြပါတယ်။ မင်း အကြောင်းတွေ ငါ ပြောထားပြီးသား။'
' ဒါပေမယ့် မင်းတို့ ဒီလောက် ချမ်းသာမယ်လို့ မထင်ထားဘူး။ ငါက ... ငါက စားနိုင် သောက်နိုင်တဲ့ထဲကဆိုတော့ ငါ ကိုယ်တိုင် မင်းရဲ့ အသိုင်းဝိုင်းထဲ မဝင်ရဲတော့ဘူး။'
' ငါ့အတွက်က ဆင်းရဲတာ ချမ်းသာတာ အဓိက မဟုတ်ဘူး။ ပါး နဲ့ မားလည်း အဲ့လို ခွဲခြားတဲ့ စိတ်တွေ မရှိပါဘူး။ လာပါ ... အိမ်ထဲ ဝင်ရအောင်။'
ကျင်းပေါင် ပြောသာ ပြောရတာ သူ ကိုယ်တိုင်လည်း ရိဖုန်းနဲ့ မဝေးနိုင်ပါ။ ဒါကြောင့် ရိဖုန်း လက်ဆွဲခေါ်တဲ့ နောက် လိုက်သွားလိုက်ပါသည်။
' မား ... ကျနော်တို့ ရောက်ပြီ။'
' ဟုတ်ကဲ့ မင်္ဂလာပါ။'
ကျင်းပေါင် အိမ်ထဲရောက်တော့ ရိဖုန်း အသံပေးတာနဲ့ သူတို့ဆီ လာနေတဲ့ ရိဖုန်းရဲ့ မား ကို ဦးညွတ်နှုတ်ဆက်လိုက်သည်။
' ရောက်လာကြပြီလား။ လာ ... လာ ... လာထိုင်။'
ကျင်းပေါင် သူ့လက်ကို လာဆွဲပြီး အနားမှာ အတူထိုင်ခိုင်းတဲ့ ရိဖုန်းရဲ့ မားကြောင့် ပါသွားပြီး အနားမှာ အတူထိုင်လိုက်ရသည်။

YOU ARE READING
Even Replace ( Completed )
Fanfictionသူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... သူများနေရာမှာ အစားထိုးပေးနေရမှန်း သိသိရက်နဲ့ နှလုံးသားက ချစ်မိသွားတော့ ..... Credit for cover photo!!!!!! No. 12